images
UN
UN
အာဇာနည်နေ့၌ နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်(ပြတိုက်)ကို နံနက် ၆ နာရီမှစ၍ ဖွင့်လှစ်သွားမည်
နေလင်း(နတ်မောက်) Thursday, 12 July 2018
(၇၁)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် နတ်မောက် မြို့ အောင်ဆန်းရပ် ဗိုလ်ချုပ်အောင် ဆန်းနေအိမ်(ပြတိုက်)ကို ရဟန်း ရှင်လူ ပြည်သူလူထုများလာရောက် ကြည့်ရှု လေ့လာနိုင်ရန် ဇူလိုင် ၁၉ ရက် (အာဇာနည်နေ့)တွင် နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ လည်းကောင်း၊ ယခုလ ၂ဝ ရက် နှင့် ၂၁ ရက်တို့တွင် နံနက် ၆ နာရီ ညနေ ၆ နာရီအထိလည်း ကောင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
''ဗိုလ်ချုပ်အောင်ဆန်းနေအိမ် (ပြတိုက်)အဝင်ဝမှစတင်ပြီး ပြည် သူတွေရဲ့လုံခြုံရေးကို ထိခိုက်စေ မယ့်ပစ္စည်းတွေယူဆောင်ခွင့်မပြု ပါဘူး။ နေအိမ်အဝင်ဝကနေပြီး စစ်ဆေးရေးစက်တွေနဲ့ တစ်ဦးချင်း စစ်ဆေးပြီး တစ်ဦးချင်းဝင်ခွင့်ပြု မှာဖြစ်ပါတယ်။ တစ်ဦးချင်းဝင် ခွင့်ကတ်တွေလည်း အဝင်ဝက ပေးမယ်။ လည်ပင်းမှာဆွဲထားရ ပါမယ်။ ပြတိုက်ကနေ ထွက်မယ် ဆိုရင်တော့ ဝင်ခွင့်ကတ်တွေပြန် လည်အပ်နှံခဲ့ရမယ်''ဟု နတ် မောက်မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးကပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းနေအိမ် တောင်ဘက်၌လည်း(၇၁)နှစ်မြောက် အာဇာနည်နေ့တွင် ရဟန်းရှင်လူ ပြည်သူများကြည့်ရှုလေ့လာနိုင်ရန် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါး ဓာတ်ပုံများကို ပြခန်းခုနစ်ခန်းခွဲပြ သပေးမည်ဖြစ်ပြီး ဗိုလ်ချုပ်အောင် ဆန်းနေအိမ်ပြတိုက် (နတ်မောက်) ကိုသုံးရက်ကြာ ပြသသွားမည်ဖြစ် ကြောင်း သိရသည်။