images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
တမူးမြို့ ၄ မိုင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါးသယ်ဆောင်လာသူကိုဖမ်းဆီးရမိ
ထွန်းမင်းအောင်(ကဘော်မြေ) Thursday, 12 July 2018
စစ်ကိုင်းတိုင်းဒေသကြီး တမူး ခရိုင် တမူးမြို့ ၄မိုင်ပူးပေါင်းစစ် ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူကို ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ တမူးမြို့ မူးယစ် တပ်ဖွဲ့စု(၇) တမူးမှ တပ်ဖွဲ့ဝင်များ နှင့် ခရိုင်ရဲတပ်ဖွဲ့ဝင်များ ပါဝင် သော ပူးပေါင်းအဖွဲ့သည် မူးယစ် ဆေးဝါးသတင်းအရ သက်သေ များနှင့်အတူ ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က တမူးမြို့ ၄မိုင်ပူး ပေါင်းစစ်ဆေးရေးဂိတ်၊ တမူး- ကလေးကားလမ်းမပေါ်၌ စောင့် ဆိုင်းနေစဉ် တမူးမြို့မှ ခမ်းပါတ် မြို့သို့မောင်းနှင်လာသည့် စော်ဘွား ကြီးအသင်း ခရီးသည်တင်ယာဉ် ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ် ပေါ်ပါခရီးသည်ဖြစ်သူ တမူးမြို့ နယ် ဆရာစံကျေးရွာနေ သိန်းထွန်း ၏ အနီရောင်အတွင်းခံဘောင်းဘီ အတွင်း သိုဝှက်သယ်ဆောင်လာ သည့် အပြာရောင်ကပ်ခွာအိတ် အတွင်းမှ 88/1 စာတန်းပါ ပန်း ရောင်စိတ်ကြွရူးသွပ်ဆေးပြား၁၉၅ ပြားနှင့် အဝါရောင် အဖုံးပိတ်ပါ အဖြူရောင်ကော်ဘူးအတွင်းမှ ဘိန်းဖြူမှုန့်အလေးချိန် သုည ဒသမ နှစ်ဂရမ်ခန့်ကို သိမ်းဆည်း ရမိသဖြင့် တမူးမြို့ မြို့မရဲစခန်း တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)အရ အမှု ဖွင့်အရေးယူထားကြောင်းသိရ သည်။