images
UN
UN
မိုင်းယောင်းမြို့၌ ကြိုတင်ကာကွယ် သွေးလွန်တုပ်ကွေးအန္တရာယ်ခေါင်းစဉ်ဖြင့် ကျန်းမာရေးစကားဝိုင်းပြုလုပ်
အားချာ(မိုင်းယောင်း) Thursday, 12 July 2018
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် မိုင်းယောင်းမြို့ နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရေးအတွက်'ကြိုတင် ကာကွယ်သွေးလွန် တုပ်ကွေး အန္တရာယ်'ခေါင်းစဉ်ဖြင့် ကျန်းမာ ရေးစကားဝိုင်းများကို ရပ်ကွက်နှင့် ကျေးရွာများ၌ စဉ်ဆက်မပြတ် ကျင်းပလျက်ရှိရာ ယမန်နေ့က ဝမ်ဘိုးကျေးရွာအုပ်စု ဝမ်ဘိုး ကျေးရွာနှင့် ဝမ်တပ်ကျေးရွာအုပ်စု ဝမ်ဘန်းကျေးရွာ၌ ကျင်းပခဲ့ ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက် တာမင်းသိန်းဦးဆောင်၍ မိုးဦး ကျမှစတင်၍ မိုးရာသီတွင် အဖြစ် များသော သွေးလွန်တုပ်ကွေးရော ဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ရာသီတုပ်ကွေးရောဂါ စသည့် ကူး စက်ရောဂါများကို ကြိုတင်သတိ ပြုကာကွယ်နိုင်ရန်အတွက် 'ကြို တင်ကာကွယ် သွေးလွန်တုပ်ကွေး အန္တရာယ်' ခေါင်းစဉ်ဖြင့်ယခုလ ၂ ရက်တွင် မုန်းလိုက်ကျေးရွာ အုပ်စု၊ မုန်းလိုက်ကျေးရွာ၌ လည်း ကောင်း၊ ယခုလ ၄ ရက်တွင် ဝမ်ကောင်းကျေးရွာအုပ်စု ဝမ် ကောင်းကျေးရွာ၌လည်းကောင်း၊ ယခုလ ၅ ရက်တွင် ဝမ်မန်းကျေး ရွာအုပ်စု ဝမ်မန်းကျေးရွာ၌ လည်း ကောင်း ကျန်းမာရေးစကားဝိုင်း များ စဉ်ဆက်မပြတ် ဆောင်ရွက် နေကြောင်း သိရသည်။