images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
အလင်းရောင်စီမံချက် OSS စနစ်ဖြင့် နေ့ချင်းပြီး အိမ်သုံးမီတာများဒေသတွင်း တပ်ဆင်ပေးမှုအား ဒေသခံများဝမ်းမြောက်
ဖြိုးကိုလင်း(ညောင်ဝိုင်း) Thursday, 12 July 2018
ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ် ပဲနွယ်ကုန်းဒေသ အတွင်းရှိ ကျေးရွာများတွင် 'အ လင်းရောင်စီမံချက်'One Stop Service (OSS) စနစ်ဖြင့် ကျေးရွာ များအရောက် နေ့ချင်းပြီး တပ်ဆင် ပေးလျက်ရှိရာ ဒေသတွင်းပြည်သူ များ ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါစီမံချက်အား လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပဲခူး တိုင်းဒေသကြီး(အရှေ့) ပဲနွယ်ကုန်း ဒေသတွင် ဆောင်ရွက်လျက်ရှိပြီး စီမံချက်တွင်ဒေသတွင်းလိုအပ်လျက် ရှိသောကျေးရွာများသို့ Single Phase Two Wire Static Watt-Hour Meter များအား မြို့နယ် လျှပ်စစ်အင်ဂျင်နီယာဦးခန့်ချော ဦးဆောင်သော ကျွမ်းကျင်လျှပ် စစ်ဝန်ထမ်းများကသတ်မှတ်ကျေးရွာ အသီးသီးတွင် နေ့ချင်ပြီး တပ်ဆင် ပေးခဲ့ရာ ဇွန် ၂၃ ရက်မှ စတင် ၍ဒေသတွင်းရှိ အင်းဟင်၊ ခင်ရှည်၊ ဆနွင်းမြောင်၊ မြကျွန်းသာ၊ ရွှေဝါ ထွန်း၊ ဗိုလ်တဲကုန်း၊ ကျီးခင်စု ကျေးရွာတို့တွင် တပ်ဆင်ပေးခဲ့ပြီး ယနေ့ နံနက်ပိုင်းကလည်း ကြိမ် ခါးကုန်း(အနောက်ရွာ)အတွင်းရှိ လျှပ်စစ်မီးသုံးစွဲမည့်ပြည်သူ ၁၂ဝ ခန့်အား နေချင်းပြီးတပ်ဆင်ပေးခဲ့ သည်။ ရှေးဦးစွာ ကျေးရွာဘုန်း တော်ကြီးကျောင်းတွင် မီးသုံးစွဲမည့် ပြည်သူများအား မီးသုံးစွဲရာတွင် လိုက်နာရမည့်အချက်များ၊ လျှပ်စစ် အန္တရာယ်ကင်းရှင်းစေရေးတို့ကို ပညာပေးဟောပြောကာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပြီး အိမ်သုံး မီတာများကို နေ့ချင်းပြီး တပ်ဆင် ပေးခဲ့သည်။
''သူတို့ဌာနက ခုလိုရွာအ ရောက်လာတပ်ဆင်ပေးတော့ ဝမ်း သာတာပေါ့။ ဒီလိုစီမံချက်တွေက ပြည်သူအတွက် တကယ်အကျိုးရှိ တယ်။သူတို့အဖွဲ့တွေကတော့ ပင် ပန်းတာပေါ့။ ကိုယ်တွေကတော့ ပျော်တာပေါ့။ ဒါပေမဲ့ တစ်ရွာလုံး ကပျော်နေကြတယ်။ ခုလျှောက် ခု တပ်စနစ်ဆိုတော့ ကျွန်တော်တို့ ကျေးလက်နေပြည်သူတွေအတွက် အရမ်းအဆင်ပြေတယ်။ ပြီးတော့ တစ်ရွာလုံး တစ်ပြိုင်နက်တည်း လင်းရတော့ ပိုတောင်ကောင်း သေးတယ်''ဟု ကျေးရွာမီးလင်း ရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းနိုင်က ပြောကြားခဲ့သည်။