images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
နေအိမ်ခြံဝင်းအတွင်း စိုက်ထူထားသော ကွန်ကရစ်ဓာတ်တိုင်သုံးတိုင်ကို နေရာရွှေ့ပေးစေလို
ဒေသခံများ Thursday, 12 July 2018
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာအတွင်း ပြည် ထောင်စုလမ်းမကြီးဘေး နေအိမ်ခြံဝင်းအတွင်း၌ စိုက်ထူထားသော 11KV မီးကြိုးလိုင်း ကွန်ကရစ်ဓာတ်တိုင်သုံးတိုင်ကို မိုးသက်မုန်တိုင်း နှင့် မိုးအဆက်မပြတ် ရွာသွန်းပါက အန္တရာယ်ရှိနိုင်သဖြင့် ဘေးလွတ် ကင်းရာသို့ ပြောင်းရွှေ့ပေးစေလိုကြောင်း ဒေသခံများထံမှ သိရသည်။
''လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက စိုက်ထူထားပါတယ်။ လူနေအိမ်တွေနဲ့မလွတ်ကင်းလို့ အန္တရာယ်ရှိနိုင်တဲ့အခါ ပြန်လည်ရွှေ့ပေး မှာ အခုတော့ယာယီပါ''ဟု မီးတိုင်စိုက်တာဝန်ရှိသူ တစ်ဦးကပြော ကြားသည်။ အဆိုပါ 11KV လျှစ်စစ်မီးကြိုးလိုင်း ကွန်ကရစ်ဓာတ်မီး တိုင်သုံးတိုင်အား မိုးညှင်းမြို့အဝင် နန့်ပုတ်ကျေးရွာ လူနေအိမ်အတွင်းမှ တစ်ဆင့် ဖြတ်သန်းစိုက်ထူထားသဖြင့် လျှပ်စစ်ဥပဒေနှင့်မညီသကဲ့သို့ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသက်လေပြင်းများတိုက်ခတ်ပါက အန္တရာယ်ရှိခြင်း၊ လူနေအိမ်အဆောက်အအုံများနှင့် နီးကပ်ခြင်းတို့ ကြောင့် နေရာသစ်သို့ပြောင်းရွှေ့ပေးစေလိုကြောင်း ဒေသခံများက ပြောသည်။