images
UN
UN
၁၉၄၇ ခုနှစ် ပင်လုံညီလာခံလေ့လာချက်(၂) ပင်လုံညီလာခံ ပင်လုံစာချုပ်နှင့် တောင်တန်းဒေသစုံစမ်းရေးအဖွဲ့
ဗညားဝင်း(ဘုရင့်နောင်) Thursday, 12 July 2018
တောင်တန်းဒေသစုံစမ်းရေးအဖွဲ့ ဖွဲ့ စည်းခြင်း
အောင်ဆန်းအက်တလီစာချုပ် စာပိုဒ် (၈) စာပိုဒ်ခွဲ(ဃ)တွင် ဖော်ပြထားသည် မှာ-
''မြန်မာနိုင်ငံ အုပ်ချုပ်ရေးဥပဒေ သစ်အတိုင်း ဆောင်ရွက်ရာ၌ နယ်ခြား ဒေသများနှင့် ပေါင်းစည်းဆက်ဆံနိုင်ရန် အကောင်းဆုံးစနစ် ရှာဖွေနိုင်ရန်အတွက် စုံစမ်းရေးကော်မတီတစ်ခု ချက်ချင်း ဖွဲ့ စည်းရမည်။ ယင်းကော်မတီတွင် ဝန်ကြီး စနစ်ဖြင့်အုပ်ချုပ်သော မြန်မာပြည် ဘုရင်ခံ၏ အမှုဆောင်အဖွဲ့မှ ရွေးချယ် သူများနှင့် နယ်ခြားဒေသခေါင်းဆောင် များအားတိုင်ပင်ပြီးသကာလ ဘုရင်ခံရွေး ချယ်သောနယ်ခြားဒေသမှ ပုဂ္ဂိုလ်များ အညီအမျှ ပါဝင်လိမ့်မည်အပြင် သဘော တူရွေးချယ်သော မြန်မာနိုင်ငံတော်ပြင်ပမှ ကြားနေပုဂ္ဂိုလ်တစ်ဦးကို ဥက္ကဋ္ဌခန့်ထား မည်ဖြစ်ကြောင်း ဤကော်မတီကို တိုင်း ပြုပြည်ပြုလွှတ်တော်အစည်းအဝေးမစမီ အစီရင်ခံစာတင်သွင်းရန် တောင်းဆို မည်''
အထက်ပါဖော်ပြချက်အရ မြန်မာ့ လွတ်လပ်ရေးအတွက် မြန်မာပြည်မနှင့် တောင်တန်းဒေသများ ပူးပေါင်းရေး အကောင်အထည်ဖော်ရန်၊ ပထမအဆင့် ပင်လုံစာချုပ်ဖြင့်ကျော်ဖြတ်နိုင်ပြီး ဒုတိယ အဆင့် ဖြတ်ကျော်ရန်ဖြစ်ပေါ်ခဲ့ပါသည်။ အောင်ဆန်း-အက်တလီစာချုပ်ပါအတိုင်း ဆောင်ရွက်ရန်အတွက် တောင်တန်းဒေသ စုံစမ်းရေးအဖွဲ့ဥက္ကဋ္ဌအဖြစ် ဗြိတိသျှအစိုးရ က အကြံပြုသော ရီးစ်ဝီလီယံ (D.R. Rees Williams) ကို ၁၉၄၇ ခုနှစ် ဖေ ဖော်ဝါရီလ ၁၉ရက်နေ့တွင် ကျင်းပသော ဘုရင်ခံ၏ အမှုဆောင်(ဝန်ကြီး)အဖွဲ့ အစည်းအဝေးက အတည်ပြုလက်ခံခဲ့ သည်။
အဖွဲ့ဥက္ကဋ္ဌရီးစ်ဝစ်လီယံသည် ၁၉၄၇ ခုနှစ် မတ်လ ၂ ရက်တွင် ရန်ကန်သို့ ရောက်ရှိလာပြီး အဖွဲ့ဝင်များအဖြစ် မြန်မာပြည်မဘက်မှ ဝန်ကြီးဦးတင်ထွဋ်၊ ဖဆပလ ဒုဥက္ကဋ္ဌသခင်နု၊ ဖဆပလမှ ဗိုလ်ခင်မောင်ကလေးနှင့် ဝန်ကြီးဦးကျော် ငြိမ်း တောင်တန်းဒေသဘက်မှ မိုင်းပွန် စော်ဘွားစဝ်စံထွန်း၊ ဆမားဒူဝါဆင်ဝါး နောင်၊ ဦးဝမ်ကိုဟော၊စောစံကေ၊ အဖွဲ့ အတွင်းရေးမှူး လက်ဒဝစ်၊ တွဲဖက် အတွင်းရေးမှူး ဦးထွန်းဖေ၊ လက် ထောက်အတွင်းရေးမှူး ဗိုလ်မှူးရှမ်းလုံ က ဆောင်ရွက်သည်။ နောက်ပိုင်းတွင် ဝန်ကြီးဦးကျော်ငြိမ်းနုတ်ထွက်ပြီး ကရင် လူငယ်များအစည်းအရုံးဝင် စောမြင့်သိန်း က အစား ဝင်ဆောင်ရွက်ခဲ့ပါသည်။
ပင်လုံညီလာခံအကြိုဆွေးနွေးမှုများ
၁၉၄၇ ခုနှစ် ပင်လုံညီလာခံကို ဖေ ဖော်ဝါရီလ ၃ ရက်မှ ၁၂ ရက်နေ့အထိ ကျင်းပခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းသည် ဖေဖော်ဝါရီ ၈ ရက်နေ့ ညနေ ၆နာရီတွင် လည်းကောင်း၊ မစ္စတာ 'ဘောတွမ်လေ' သည် ဖေဖော်ဝါရီ ၉ ရက်နေ့ နံနက်တွင် လည်းကောင်း ရောက်ရှိကြသဖြင့် ဖေဖော်ဝါရီလ ၃ ရက်မှ ၈ ရက်နေ့အထိ ဆွေးနွေးမှုများသည် အောင်ဆန်းအက် တလီစာချုပ်အရ ဆွေးနွေးခြင်းများ မဟုတ်သေးဘဲ အကြိုညှိနှိုင်းဆွေးနွေးမှု များသာဖြစ်ကြပါသည်။ ၄င်းဆွေးနွေးမှု များသည် တောင်တန်းဒေသနေထိုင်ကြ သော တိုင်းရင်းသားများ၏ဆန္ဒသဘော ထားများပင်ဖြစ်ကြပါသည်။ အကြိုဆွေး နွေးညှိနှိုင်းမှုများကို ၁၉၄၇ ခုနှစ် ဖေဖော် ဝါရီလ ၃ ရက်နေ့တွင် ဖွင့်ပွဲပြုလုပ်ပြီး စတင်ခဲ့ပါသည်။

ပဏာမညီလာခံ
၃-၂-၁၉၄၇။ ပင်လုံညီလာခံကို တောင်ပိုင်းစော်ဘွားကြီး စဝ်ခွန်ပန်းစိန် သဘာပတိအဖြစ်ဆောင်ရွက်ပြီး ရှမ်းစော် ဘွားတချို့၊ ရှမ်းပြည်သူ့ကိုယ်စားလှယ် များပါဝင်တက်ရောက်လျက် ဖွင့်လှစ်ခဲ့ပါ သည်။
၎-၂-၁၉၄၇။ ညီလာခံတွင် တောင် တန်းဒေသညွှန်ကြားရေးဝန်ပေးပို့သော ကြေးနန်းအမှတ် (၁၅၆၂) ၂၄.၁.၁၉၄၇ ရက် ရက်စွဲကြေးနန်းကိုသာဆွေးနွေးပြီး အကြောင်းပြန်ခဲ့ကြသည်။
၅-၂-၁၉၄၇။ နံနက်ပိုင်းတွင် နယ် ခြားဝန်ထောက် မစ္စတာနောသည် ကချင် ကိုယ်စားလှယ်များထံ ပေးရောက်ပြီး ကချင်ဘာသာစကားဖြင့် နှုတ်ဆက် စကားပြောပြီး အကျွေးအမွေးဖြင့် ဧည့်ခံ လိုကြောင်းပြောခဲ့ရာ လက်မခံခဲ့ကြပေ။
၆-၂-၁၉၄၇။ နေ့လယ် ၂ နာရီခွဲ အချိန်တွင် ရှမ်းနှင့်ကချင်ကိုယ်စားလှယ် များပူးပေါင်းအစည်းအဝေးတစ်ရပ် ကျင်းပပြီး ဆုံးဖြတ်ချက်ငါးချက်ဆုံးဖြတ် ခဲ့သည်။ စော်ဘွားစဝ်ခွန်ပန်းစိန်နှင့် စော် ဘွား ငါးဦး၊ ရှမ်းလူစုကိုယ်စားလှယ် ခုနစ်ဦး၊ ကချင်ကိုယ်စားလှယ်ခြောက်ဦး တို့ လက်မှတ်ရေးထိုးခဲ့ပါသည်။
၁။ ဒီမိုကရေစီမူအရ ဗမာများနှင့် တန်း တူအခွင့်အရေးပေးရန်။
၂။ ဘုရင်ခံ၏အမှုဆောင်(ဝန်ကြီး) အဖွဲ့ တွင်ပါဝင်မည့် ရှမ်းနှင့် ကချင်ကိုယ် စားလှယ်များသည် မိမိတို့ဆိုင်ရာ နယ်ပယ်အရေးကို လုံးဝတာဝန်ယူ ရုံမက၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ မီးရထားနှင့် အကောက်ခွန်လုပ်ငန်း များကိုလည်း ပူးတွဲတာဝန်ယူရန်။
၃။ ကချင်များတောင်းဆိုထားသည့် ကချင်ပြည်နယ်တည်ထောင်ရေး အဆိုကို ထောက်ခံကြောင်း။
၎။ မြန်မာကိုယ်စားလှယ်များနှင့် ဗြိတိ သျှအစိုးရတို့၏ သဘောတူညီချက် များ(အောင်ဆန်း- အက်တလီ စာချုပ်)သည် ရှမ်း၊ ကချင်တို့နှင့် မသက်ဆိုင်စေရ။
၅။ လွတ်လပ်ရေး ရပြီးသောအခါ ခွဲထွက်လိုက ခွဲထွက်ခွင့်ရှိရမည်။
၇-၂-၁၉၄၇။ ချင်းကိုယ်စားလှယ် များသည် ၆-၂-၁၇၄၇ ညတွင် ပင်လုံ သို့ ရောက်ရှိပြီး ၇-၂-၁၉၄၇ နံနက် ၉ နာရီတွင် ရှမ်းနှင့်ကချင်တို့ သဘောတူ လက်မှတ်ရေးထိုးထားသောအချက်များ ကို လေ့လာဆွေးနွေးကြပြီး အချက် သုံး ချက်ထပ်မံဖြည့်စွက်ပြီး လက်မှတ်ရေး ထိုးခဲ့ကြသည်။

၁။ ဗဟိုအခွန်တော်နှင့်စပ်လျဉ်း၍ ရှမ်း တို့ခံစားရသော အခွင့်အရေးနှင့် ရပိုင်ခွင့်အတိုင်း ချင်းနှင့်ကချင်တို့ ကလည်း လူဦးရေအလိုက်ခံစားခွင့် ရှိရမည်။
၂။ ချင်းတောင်ဒေသတွင် ဘဏ္ဍာရေး မလုံလောက်ခဲ့သော် မြန်မာပြည် အခွန်တော်ငွေမှ ကျခံသုံးစွဲရမည်။
၃။ ရှမ်း၊ ကချင်နှင့် ချင်းကိုယ်စားလှယ် များပါသော ''တောင်တန်းသား များ စည်းလုံးညီညွတ်ရေး အမှု ဆောင်ကောင်စီ''ဖွဲ့ရန်၊ ၄င်း ကောင်စီ၌ တောင်တန်းသားများနှင့် မြန်မာအစိုးရတို့ ဆက်သွယ်ဆောင် ရွက်သည့်ကိစ္စအားလုံးနှင့်စပ်လျဉ်း ၍အဆုံးအဖြတ်ပေးနိုင်သောအာဏာ အပြည့်အဝရှိရမည်။
''တောင်တန်းသားများစည်းလုံးညီ ညွတ်ရေး အဖွဲ့အမှုဆောင်ကောင်စီ''ကို ဥက္ကဋ္ဌ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေ သိုက်၊ဒုတိယဥက္ကဋ္ဌ ဆမားဒူဝါဆင်ဝါး နောင် ရှမ်းကိုယ်စားလှယ်ငါးဦး၊ ကချင်ကိုယ်စားလှယ်ငါးဦး၊ ချင်းကိုယ် စားလှယ် ခြောက်ဦးပေါင်း ၁၈ ဦးဖြင့် ဖွဲ့စည်းခဲ့ကြပါသည်။
၈-၂-၁၉၄၇။ နံနက် ၈ နာရီ အစည်းအဝေးစတင်ပြီး ''စော်ဘွားများ လိုက်နာရန် စည်းကမ်းဥပဒေကိုးချက် (၂၂-၁-၁၉၄၇ ရက်စွဲသိန္နီ)အား အစည်း အဝေးတွင်ဖြန့်ဝေခဲ့ပါသည်။ အမှတ်စဉ် (၁)မှ (၆)သည် စော်ဘွားများခန့်အပ်စာ (ဆာနဒ်)တွင်ပါဝင်လျက် ကျန်သုံးချက် ဖြည့်စွက်ထုတ်ဝေခြင်းဖြစ်ပါသည်။ ၄င်း နောက် ဗိုလ်ချုပ်အောင်ဆန်း၊ ဒိုမီနီယမ် အတွင်းဝန်ကလေး'ဘော့တွမ်လေ'တို့ တက်မည့်အစည်းအဝေး အတွက်လိုအပ် သောအစီအစဉ်များပြုလုပ်ရန် ကော်မတီ များခန့်အပ်ပြီး အစည်းအဝေးကို ရုပ်သိမ်း ပါသည်။
ပင်လုံညီလာခံ၌ ရှမ်းပြည်ခေါင်း ဆောင်များ၊ ကချင်နှင့်ချင်းခေါင်းဆောင် များ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် နှင့် ၇ရက်နေ့များတွင် တောင်တန်းဒေသ နေ တိုင်းရင်းသားလူမျိုးစုတို့၏လွတ် လပ်ရေးကြိုးပမ်းမှုခရီးစဉ်သဘောတူညီ ရပ်တည်ချက်များချမှတ်ခဲ့ကြပြီး''တောင် တန်းဒေသစုံစမ်းရေးအဖွဲ့''သို့ သဘော ထားပေးရန် အခြေခံသဘောထားဖြစ်ခဲ့ ကြောင်း တွေ့ရပါသည်။
ဥက္ကဋ္ဌ ရီးစ်ဝီလီယံအဖွဲ့သည် မတ်လ ၇ ရက်မှ ၁၇ ရက်အထိ မြစ်ကြီးနား၊ ဗန်းမော်၊ လားရှိုး၊ လွိုင်လင်၊ တောင်ကြီး၊ လွိုင်ကော်၊ မော်ချီးစသော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် ဒေသများသို့ သွားရောက်လှည့်လည် ပဏာမစုံစမ်းမှု ပြုလုပ်ခဲ့ပြီး ရန်ကုန်ပြန်ရောက်ခဲ့သည်။
စုံစမ်းရေးကော်မတီသည် မတ်လ ၁၉ ရက်မှ ၂၇ ရက်အထိ ရန်ကုန်တွင်ရုံးထိုင်ပြီး ရခိုင်တောင် တန်းဒေသများ၊ ရွှေကျင် ကရင်အစည်းအရုံး၊ သံလွင် ခရိုင်နှင့် ကရင်လူငယ်များအစည်းအရုံးတို့အား စုံစမ်း မေးမြန်းပြီးစီးခဲ့သည်။ ၄င်းနောက် မတ်လ ၂၇ ရက် တွင် မေမြို့သို့ ပြောင်းရွှေ့ရုံးစိုက်သည်။
စုံစမ်းရေးကော်မတီသည် မေမြို့တွင် စုံစမ်းမှုများ ဧပြီလ ၁၁ ရက်မှစ၍ ဆောင်ရွက်ခဲ့သည်။ ကော်မတီ သည် မတ်လ ၂၇ ရက်မှ ဧပြီလ ၂၃ ရက်အထိ အစည်းအဝေး ၂၄ ကြိမ်ပြုလုပ်ခဲ့ပါသည်။ စုံစမ်းရေး ကော်မတီ၏အစီရင်ခံစာကို ၁၉၄၇ ခုနှစ် ဧပြီလ ၂၄ ရက်တွင် ကော်မတီအဖွဲ့ဝင်များက တညီတညွတ် တည်း သဘောတူလက်မှတ်ထိုးခဲ့ကြသည်။
တောင်တန်းဒေသစုံစမ်းရေးအဖွဲ့ အစီရင်ခံစာ တင်ပြချက်များသည် မြန်မာ့လွတ်လပ်ရေးအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေပုံကြမ်းရေးဆွဲရေးအထိ သက် ရောက်ခဲ့ပေရာ တောင်တန်းဒေသစုံစမ်းရေးအဖွဲ့၏ တင်ပြချက်ကို ဆက်လက်ရေးသားဖော်ပြပါမည်။