images
UN
UN
အသည်းရောင်အသားဝါဘီပိုးစစ်ဆေးပြီး ကာကွယ်ဆေးများထိုးနှံပေး
သီဟကိုကို(မန္တလေး) Thursday, 12 July 2018
အသည်းရောင်အသားဝါဘီပိုး ကာ ကွယ်ရန်အတွက် အကောင်းဆုံးနည်း လမ်းမှာ ရောဂါပိုးရှိ/မရှိ စစ်ဆေးခြင်း၊ ရောဂါပိုးမရှိပါက ကာကွယ်ဆေးထိုးနှံ ခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ရာ စက်မှုဝန်ကြီးဌာန၊မြန်မာ့ဆေးဝါးလုပ်ငန်းမှ ကာကွယ်ဆေးထိုးနှံလိုသည့် အခြေခံပညာ ကျောင်းများ၊ ပုဂ္ဂလိကကိုယ်ပိုင် ကျောင်း များ၊ စက်ရုံအလုပ်ရုံများသို့ မိုဘိုင်းလ် အဖွဲ့များဖြင့်ကွင်းဆင်းစစ်ဆေး၍ ကာကွယ် ဆေးများထိုးနှံပေးလျက်ရှိသည်။
အသည်းရောင် အသားဝါရောဂါ အကြောင်းသိကောင်းစရာ ကျန်းမာရေး ပညာပေးဟောပြောခြင်း၊ အသည်းရောင် အသားဝါရောဂါ ရှိ/မရှိ စစ်ဆေးခြင်း၊ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့က မန္တလေးမြို့ချမ်းအေးသာစံမြို့နယ်အမှတ် (၁၆)အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာခန်းမတွင်ကျင်းပရာ မြန်မာ့ ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်း စိန်)၊ ရွာသာကြီးစက်ရုံခွဲမှ ဒုတိယစက်ရုံ မှူးဒေါ်အောင်သန္တာဦးနှင့် ကျန်းမာရေး ဝန်ထမ်းများက အသည်းရောင်အသားဝါ ရောဂါအကြောင်း ကျန်းမာရေးပညာပေး ဟောပြောပြီး ကျောင်းသားကျောင်းသူများ အား အသည်းရောင်အသားဝါဘီရောဂါ ပိုးရှိ/မရှိ သွေးစစ်ဆေးကာ ရောဂါပိုးမရှိ သူများကို ကာကွယ်ဆေးများ ထိုးနှံပေး သည်။ ကာကွယ်ဆေးထိုးလိုသော အခြေခံ ပညာ ကျောင်းများသည် မြန်မာ့ဆေးဝါး လုပ်ငန်း ဖုန်း ဝ၁-၆၄၆၂၇၃၊ ဝ၆၇-၄ဝ၈၃၈ဝသို့ ဆက်သွယ်နိုင်ကြောင်း သိရ သည်။