images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ အထက တနင်္သာရီ၌ကျင်းပ
Phyy Myo Thursday, 12 July 2018
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ မြို့နယ်ပညာရေး ဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့ပူးပေါင်း ကာ ကျောင်းသားကျောင်းသူများ အား ကျောင်းသွားကျောင်းပြန် ယာဉ်အန္တရာယ်ကိုရှောင်တိမ်းနိုင်ပြီး စိတ်အေးချမ်းသာစွာသွားလာနိုင် စေရန်ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်း အသိပညာပေးဟောပြောပွဲ ကို အခြေခံပညာအထက်တန်း ကျောင်း ပညာရတနာအဆောင်၌ ယမန်နေ့နံနက် ၉ နာရီ ၄၅ မိနစ် က ကျင်းပခဲ့ကြောင်း သိရသည်။
ယင်းဟောပြောပွဲတွင် တနင်္သာရီမြို့ မြို့နယ်ပညာရေးမှူး ဦးကျော်ရှိန်က အဖွင့်အမှာစကား ပြောကြားရာတွင် ကျောင်းသား ကျောင်းသူများအား ယာဉ်စည်း ကမ်း၊လမ်းစည်းကမ်းနှင့်ပတ်သက် သည့် အကြောင်းအရာများကို အကျဉ်းချုပ်ရှင်းလင်းပြောကြားပြီး အသွားအလာ၊ အစားအသောက် များကိုလည်း အစစအရာရာ ဆင် ခြင်ဂရုစိုက်ကြပါရန် ထည့်သွင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ရဲတပ် ဖွဲ့မှ ဒုရဲအုပ်သော်တာမျိုးက ကျောင်းသားကျောင်းသူများကို ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းနှင့် ပတ်သက်သည့် ပြုသင့်မပြုသင့် ယာဉ်စည်းကမ်းများလိုက်နာဆောင် ရွက်မှုနှင့်ရှောင်တိမ်းရမည့်အချက် အလက်များကို Power point စသငညအ ဖြင့် ရှင်းလင်းပြောကြားခဲ့ရာ ကျောင်း သားကျောင်းသူများမှ စိတ်ဝင် စားစွာ နားထောင်ပြီး မှတ်သား သင့်သည်များကို မှတ်သားခဲ့ကြ ကြောင်း သိရသည်။
¤င်းအခမ်းအနားသို့ မြို့နယ် ပညာရေးမှူး ဦးကျော်ရှိန်နှင့် ဒုပညာရေးမှူး၊ လက်ထောက် ပညာရေးမှူး၊ အထက တနင်္သာရီ ကျောင်းအုပ်ဆရာကြီးဦးဇော်မင်း နှင့် ဆရာဆရာမများ၊ မြို့နယ်ရဲ တပ်ဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများစုစုပေါင်း ၂၈ဝ ခန့် တက်ရောက်ကြောင်း သိရ သည်။