images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ခမ်းပါတ်မြို့နန်စပါတံတားအနီးတွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
ထွန်းမင်းအောင်(ကဘော်မြေ) Thursday, 12 July 2018
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် ခမ်းပါတ်မြို့ ဘုက္ကန်ကျေး ရွာနှင့် ထင်းဇင်ကျေးရွာအကြား နန်စပါတံတားအနီး၌ ယမန်နေ့က မူးယစ်ဆေးဝါးသယ်ဆောင်လာသူအား ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၇)တမူးမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ ယမန်နေ့ည ၈ နာရီက ခမ်းပါတ်မြို့ ဘုက္ကန်ကျေးရွာနှင့် ထင်းဇင်ကျေးရွာ အကြား နန်စပါတံတားအနီး တမူး-ကလေးကားလမ်းမပေါ်တွင် စောင့်ဆိုင်းနေစဉ် တမူးမြို့မှ ကလေးမြို့ဘက်သို့ ကလေးမြို့နယ် ကံသာယာကျေးရွာနေ ခင်မောင်ကြည် မောင်းနှင်လာသည့် တရုတ် နိုင်ငံလုပ် စူပါကပ်အမျိုးအစား အစိမ်းရောင်ဆိုင်ကယ်ကို ရပ်တန့် စစ်ဆေးရှာဖွေရာ ဆိုင်ကယ်နောက် ခရင်းခွအထိန်းတန်းပိုက်ခေါင်း အတွင်းသိုဝှက်၍ အနက်ရောင်တိပ်ဖြင့်ပတ်လျက် အနက်ရောင် ကြွပ်ကြွပ်အိတ်အတွင်းထည့်ထားသည့် 88/1 စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၄ဝဝ ကို ရှာဖွေတွေ့ရှိရသဖြင့် ခမ်းပါတ်မြို့ နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ၁၉ (က)အရ အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။