images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ဖျာပုံမြို့တွင် WY စိတ်ကြွဆေးပြား ၂ဝဝဝ ကျော် ဆေးခြောက်နှင့်အတူ ငွေကျပ်သိန်း ၂ဝ ကျော်ဖမ်းမိ
ကျော်စိုးမိုး(ဖျာပုံ) Thursday, 12 July 2018
ဖျာပုံ မြို့မရဲစခန်းမှူး ဒုရဲမှူး ဝင်းနိုင်၊ အမှတ်(၅ဝ)မူးယစ်တပ်ဖွဲ့ မှ ဒုရဲမှူးဝင်းလှိုင်၊ ခရိုင်မှုခင်းနှိမ် နှင်းရေးအဖွဲ့ခေါင်းဆောင် ရဲအုပ် ဇော်ထိုက်၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်နိုင်ထွန်း၊ နယ်ထိန်း တပ်ဖွဲဝင်များ၊ SB တပ်ဖွဲ့ဝင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အသိ သက်သေများနှင့်အတူ သတင်း အရ ယမန်နေ့ နံနက် ၁၁ နာရီခန့် တွင် အမှတ်(၄)ရပ်ကွက် မေဓါဝီ လမ်း အိမ်အမှတ် ၁၉၆ သို့ ဝင် ရောက်ရှာဖွေဖမ်းဆီးရာ ဟိန်းမင်း အောင်(ခ)ဟိန်းမင်း (၂၇ နှစ်)နှင့် ဝင်းနိုင်(ခ)ဖိုးတုတ် (၄၁ နှစ်)တို့ နေအိမ်အိပ်ခန်းထဲမှ WY စိတ်ကြွ မူးယစ်ဆေးဝါးအဝါရောင်၊ အစိမ်း ရောင်၊ ပန်းရောင်၊ လိမ္မော်ရောင် စုစုပေါင်း ၂၅၈၇ ပြား၊ ရေစိုနေ သော WY စိတ်ကြွဆေးပြား ရှစ် ဂရမ်၊ ဆေးခြောက် လေးဂရမ် ငွေ ကျပ် သိန်း ၂ဝ နှင့် ဓားများ၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံး ပြုသောပစ္စည်းများ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။
ဆက်လက်၍ ယင်းနေ့ နံနက် ၁ဝ နာရီခွဲခန့်တွင် ဖျာပုံမြို့ အမှတ် (၉)ရပ်ကွက် ဘုရင့်နောင်လမ်း အိမ်အမှတ်(၁ဝ၃)နေ သူရအောင် (ခ)သူရ (၂၅ နှစ်)နေအိမ် အိပ်ခန်း အတွင်း WY စိတ်ကြွဆေးပြား တစ်ပြား၊ ဆေးခြောက် ၁၆ ဂရမ်၊ ဆေးခြောက်စေ့ လေးဂရမ်၊ ငွေ ကျပ် ၆ဝဝဝဝတို့အား ဖမ်းဆီးရမိ ၍ ဖျာပုံမြို့နယ်ရဲစခန်းမှ တရားခံ ဟိန်းမင်းအောင်နှင့် တရားခံ ဝင်း နိုင်တို့အား မယ(ပ)၂/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)၊ ၂ဝ(က)/ ၂၁ ဖြင့်လည်းကောင်း၊ တရားခံ သူရအောင်အား မယ(ပ) ၁/ ၂ဝ၁၈၊ မူး/စိတ်ပုဒ်မ ၁၆(က)၊ ၂ဝ(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။