images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
နှမ်းရိတ်သိမ်းထုံးစက်ဖြင့် တောင်သူလက်တွေ့ကွင်းသရုပ်ပြပွဲကျင်းပ
သန်းအောင်ဇော် Thursday, 12 July 2018
၂ဝ၁၈-၂ဝ၁၉ ခုနှစ် နွားထိုးကြီးမြို့နယ် ဆေးခင်းကြီးကျေးရွာ တောင်သူ ဦးဖုန်းကျော်၏ မိုးနှမ်း ၁ဝ ဧကစိုက်ခင်းကို ယမန်နေ့ နံနက် ၈ နာရီခွဲက နှမ်းရိတ်သိမ်းထုံးစက်ကြီး၊ စက်သေးနှစ်မျိုးဖြင့် တောင်သူ လက်တွေ့ကွင်းသရုပ်ပြပွဲ (Field Day))ကို စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှု လယ်ယာဦးစီးဌာနနှင့်တောင်သူဦးဖုန်းကျော်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
အဆိုပါပြပွဲ၌ တောင်သူဦးဖုန်းကျော်က နှမ်းရိတ်သိမ်းထုံးစက်ကြီး ဖြင့် တစ်နေ့ရိတ်သိမ်းလျှင် ၁ဝ ဧက၊ စက်သေးဖြင့်ရိတ်သိမ်းလျှင် သုံး ဧကပြီးစီးကြောင်း၊ ဒီဇယ်စက်ဖြစ်သဖြင့် ငွေကုန်ကျစရိတ်နည်းပါးကြောင်း၊ စက်မှုလယ်ယာဦးစီးမှူး ဦးဟန်ညီညီက မိမိတို့ဌာနမှလည်း ထွန်စက်များ ကို မြေဧကများလျှင် ဈေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးနေကြောင်း၊ စက်ပစ္စည်းများကိုလည်း အရစ်ကျစနစ်ဖြင့် ရောင်းချပေးနေကြောင်းကို ပြောကြားခဲ့သည်။