images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
မြိတ်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အေရိုးဗစ်အားကစားပြိုင်ပွဲနှင့် သင်တန်းဆင်းပွဲကျင်းပ
ဇော်မျိုးနိုင် Thursday, 12 July 2018
တက္ကသိုလ်ကျောင်းသူများ အခြေခံအေရိုးဗစ်အားကစားနှင့် အဆင့်မြင့်အေရိုးဗစ်အားကစား နည်းစနစ်များ ကျွမ်းကျင်တတ် မြောက်ပြီး ကိုယ်ကာယကျန်းမာ လှပရေး ဂရုပြုတတ်စေရန်အတွက် ဘာသာရပ်ပေါင်းစုံအေရိုးဗစ် အား ကစားပြိုင်ပွဲနှင့် သင်တန်းဆင်းပွဲ ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြိတ်တက္ကသိုလ် မိုးလုံလေလုံအား ကစားခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါအေရိုးဗစ်သင်တန်းကို ဇွန် ၁၈ ရက်မှစတင်၍ ဖွင့်လှစ် သင်ကြားပေးခဲ့ရာ တက္ကသိုလ် ကျောင်းသူ ၆၇ ဦးတက်ရောက် သင်ယူခဲ့ကြပြီး သင်တန်းဆင်း တက္ကသိုလ် ကျောင်းသူများက အခြေခံနှင့် ပါဝါအေရိုးဗစ်အား ကစားကိုအုပ်စုအလိုက်နှင့် တစ်ဦး ချင်းစီအလိုက် ယှဉ်ပြိုင်ကစားကြ သည်။
ထို့နောက် ဆုပေးပွဲကိုဆက် လက်ကျင်းပရာ မြိတ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဝင်းဝင်းသန်းက တက္ကသိုလ်အေရိုး ဗစ်အားကစားမယ်များအနေဖြင့် သင်တန်းမှသင်ယူတတ်မြောက်မှုကို အစဉ်လေ့လာလေ့ကျင့်ကစားကြ ရန်နှင့် ဥာဏစွမ်းရည်မြင့်မားပြီး ကာယစွမ်းရည်ကျန်းမာလှပရေး အစဉ်အလေးထားရန် အမှာစကား ပြောကြားသည်။
ထို့နောက် သင်တန်းဆင်း အားကစားမယ်များနှင့် အုပ်စု အလိုက်နှင့် တစ်ဦးချင်းအလိုက် အခြေခံအေရိုးဗစ်၊ ပါဝါအေရိုး ဗစ်ပြိုင်ပွဲတွင် ဆုရရှိသူများအား မြိတ်တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာနီနီဦးနှင့် ပါမောက္ခ ဌာနမှူးများက သင်တန်းဆင်း လက်မှတ်နှင့် ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရ သည်။