images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ရေတာရှည်မြို့နယ်အတွက် ဖိုက်ဘာစက်လှေနှင့် အသက်ကယ်အင်္ကျီများ လွှဲပြောင်းပေးအပ်
တင်စိုး(ပဲခူး) Thursday, 12 July 2018
ရေတာရှည်မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှူးရုံးတွင် အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ဖိုက်ဘာစက်လှေနှင့် အသက်ကယ်အင်္ကျီများ လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီက ပြုလုပ်သည်။
ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အချို့သည် နှစ်စဉ်ရေကြီး ရေလျှံမှုများ ကြုံတွေ့နေရသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်နိုင်ရန်အတွက် ရရှိသောဖိုက်ဘာ စက်လှေနှင့်အသက်ကယ်အင်္ကျီများ အား ပြန်လည်လွှဲပြောင်းပေးအပ် ခဲ့ရာ ပြည်မြို့နယ်အတွက် ဖိုက်ဘာ စက်လှေနှစ်စင်း၊အသက်ကယ်အင်္ကျီ အထည် ၂ဝ၊ မိုးညိုမြို့နယ်အတွက် နှစ်စင်းနှင့်အထည် ၂ဝ၊ ညောင် လေးပင်မြို့နယ်အတွက် နှစ်စင်းနှင့် အထည် ၂ဝ၊ ရွှေတောင်၊ပန်းတောင်း၊ ရေတာရှည်မြို့များအတွက် ဖိုက် ဘာ စက်လှေတစ်စင်းနှင့် အသက် ကယ်အင်္ကျီ ၁ဝ ထည်စီ စုစုပေါင်း ဖိုက်ဘာစက်လှေကိုးစင်းနှင့်အသက် ကယ်အင်္ကျီ ၉ဝ ထည်တို့ကို ပြန်လည်လွှဲပြောင်းပေးအပ်ပြီးဖြစ် ကြောင်း သိရသည်။