images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ပွင့်ဖြူမြို့နယ် ဇီးတောကျေးရွာတွင် ပြည်တော်ရင်မျိုးပွားစံပြကွက် ၂၅ ဧက စံကွက်ရိတ်သိမ်းပွဲကျင်းပ
ရဲဝင်းနိုင်(ညောင်ဦး) Thursday, 12 July 2018
မကွေးတိုင်းဒေသကြီး မင်းဘူး ခရိုင် ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှကြီးမှူးကျင်းပသည့် ပြည်တော်ရင်မျိုးသန့်မျိုးပွားစံ ပြကွက် ၂၅ဧကစံကွက်ရိတ်သိမ်း ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉နာရီက ပွင့်ဖြူမြို့နယ် ဇီးတော ကျေးရွာ တောင်သူဦးမြင့်စိုးသူ၏ ကွင်းအမှတ်(၇၈၄)၊ ဦးပိုင်အမှတ် (၁၁၈)ရှိ ပြည်တော်ရင် မျိုးသန့် မျိုးပွားစံပြကွက်တွင် ကျင်းပခဲ့ သည်။
အဆိုပါပြည်တော်ရင် မျိုးသန့် မျိုးပွားစံပြကွက် ၂၅ဧက စံကွက် ရိတ်သိမ်းပွဲအခမ်းအနားသို့ မကွေး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာနဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်း၊ မင်းဘူးခရိုင် စိုက်ပျိုး ရေးဦးစီးမှူး ဒေါ်နီလာမော်နှင့် ခရိုင်(မြေ၊မျိုး၊ပိုး)တာဝန်ခံဝန်ထမ်း များ၊ ပွင့်ဖြူမြို့ နယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးလှိုင်မြင့်နှင့် ဝန်ထမ်း များ၊ ဒေသခံတောင်သူများ စုစု ပေါင်းအင်အား ၄ဝ ခန့်တက် ရောက်ခဲ့ကြသည်။
ထို့နောက် ပွင့်ဖြူမြို့နယ် စိုက် ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်း များနှင့် ဒေသခံတောင်သူများက ပြည်တော်ရင် မျိုးသန့်မျိုးပွားစံပြ ကွက် ၂၅ဧကအားရိတ်သိမ်းကြရာ တစ်ဧကစပါးအထွက် နှုန်းပျမ်းမျှ (အစို) ၁၃၁ ဒသမ ၅ဝ တင်းနှင့် (အခြောက်)၁၁၈ ဒသမ ၃၅တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။