images
UN
UN
အမေရိကန်နိုင်ငံခြားရေးမူဝါဒအပြောင်းအလဲနှင့် ပိုမိုနွေးထွေးလာသော တရုတ်-မြန်မာဆက်ဆံရေး
ပြည့်ဖြိုးနိုင် Thursday, 12 July 2018
(ယမန်နေ့မှအဆက်)
၂ဝ၁၇ ခုနှစ် ဇန်နဝါရီလအတွင်း၌ အမေရိကန်သမ္မတရာထူးကို ဒေါ်နယ် ထရန့်လွှဲပြောင်းရယူခဲ့ပြီးနောက်ပိုင်းအမေ ရိကန်ဦးစားပေးမူဝါဒ ချမှတ်ကျင့်သုံးလာ မှုနှင့်အတူ အိုဘားမား၏ အာရှဦးစားပေး မူဝါဒမှာ မှေးမှိန်ပျောက်ကွယ်သွားခဲ့ရ သည်။ ၂ဝ၁၇ ခုနှစ်အတွင်း၌ ရခိုင်ပြည် နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ဆောင်ရွက်ခဲ့သော နယ်မြေတည်ငြိမ်အေး ချမ်းရေးလုပ်ငန်းစဉ်များအပေါ် ကုလ သမဂ္ဂအဖွဲ့ကမျိုးနွယ်စုရှင်းလင်းခြင်းများ ပါဝင်ကြောင်း စွပ်စွဲခဲ့ပြီးနောက် မြန်မာ နိုင်ငံနှင့် အနောက်နိုင်ငံများအကြားရှိ ဆက်ဆံရေးအခြေအနေမှာအေးခဲမှုများပိုမို တိုးပွားသွားခဲ့သည်။
မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ သည် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး အေးခဲလာချိန်တွင်တရုတ်နိုင်ငံနှင့်သံတမန် ဆက်ဆံရေး ပိုမိုကောင်းမွန်လာအောင် ကြိုးပမ်းသည်ဟု သတ်မှတ်နိုင်သော အပြုအမူများကို ပြုလုပ်ခဲ့ကြသည်။ တရုတ်နိုင်ငံသည်ကုန်သွယ်ရေးနှင့်ရင်းနှီး မြှုပ်နှံမှုကဏ္ဍများတွင် မြန်မာနိုင်ငံနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်နိုင်အောင် ဦးတည်ဆောင်ရွက် မှုနှင့်အတူ ကုလသမဂ္ဂအဖွဲ့က ရခိုင်ပြည် နယ်အရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ အပေါ် အရေးယူပိတ်ဆို့မှုများချမှတ်မှု မပြုလုပ်နိုင်အောင်ထောက်ခံရပ်တည်ပေး ခဲ့သည်။ ထိုကဲ့သို့ပြောင်းလဲလာသည့် အပြင် အမေရိကန်စစ်ဦးစီးဌာနချုပ်က မြန်မာ့တပ်မတော်အား ပေကျင်းအပေါ် မှီခိုမှုလျော့ကျလာစေရန်အတွက် အပြန် အလှန်ထိတွေ့ဆက်ဆံမှုများပြုလုပ်လို သည့် သဘောထားမျိုးရှိနေသည့်ကြားမှ ဒေါ်နယ်ထရန့်ဦးဆောင်သည့် လက်ရှိ အမေရိကန်အစိုးရသည် တရုတ်နှင့်မြန်မာ ကြားတွင် ဆက်ဆံရေးကောင်းများပိုမို ဖြစ်ပေါ်လာခြင်းကို တန်ပြန်ထိန်းချုပ်ရန် ရည်ရွယ်သော လုပ်ဆောင်ချက်မျိုးပြုလုပ် ခဲ့ခြင်းမရှိပေ။
မြန်မာနှင့်အမေရိကန်ကြားရှိ ဆက်ဆံ ရေးသမိုင်းကို ပြန်လည်ကြည့်ရှုလျှင် နိမ့် မြင့်တက်ကျများစွာရှိခဲ့ကြောင်း တွေ့ရ မည်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိခဲ့သည့် ၁၉၄၈ ခုနှစ်ကတည်းက အမေရိကန်သည်သံတမန်ဆက်ဆံမှုစတင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၁၉၅ဝ ပြည့်လွန် နှစ်များအထိ မြန်မာနိုင်ငံအား အမေရိကန် ဘက်မှ ဖွံ့ဖြိုးရေးစီမံကိန်းများဖော်ဆောင် ပေးခဲ့သည့်အပြင် လိုအပ်သည့်အခြား အကူအညီများကိုလည်းပေးအပ်ခဲ့သည်။ သို့သော် အမေရိကန်ဗဟိုထောက်လှမ်း ရေးအေဂျင်စီက တရုတ်နိုင်ငံအတွင်း၌ စစ်ရှုံးကာ ရှမ်းပြည်နယ်အတွင်းသို့ဝင် ရောက်လာခဲ့သည့် ကူမင်တန်တရုတ်ဖြူ များအား ကူညီထောက်ပံ့မှုများပြုလုပ်လာ ချိန်တွင် မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံ ကြားရှိ ဆက်ဆံရေးကဏ္ဍ၌ ပြောင်းလဲမှု များစွာဖြစ်ပေါ်သွားခဲ့ရသည်။
ကူမင်တန် တရုတ်ဖြူများသည် ၁၉၄၉ ခုနှစ်က ဖြစ်ပွားခဲ့သော စစ်ပွဲတွင် တရုတ်ကွန်မြူ နစ်ပါတီဦးဆောင်သည့်တပ်များကို ရှုံးနိမ့် ခဲ့ခြင်းဖြစ်ကာ ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
မြန်မာအစိုးရသည် ကျူးကျော်ဝင် ရောက်လာသည့် တရုတ်ဖြူများအား အားပေးထောက်ပံ့နေသည့် အမေရိကန်၏ အပြုအမူများကို တုံ့ပြန်သည့်အနေဖြင့် ၁၉၅၃ ခုနှစ်တွင် အမေရိကန်ကဖော် ဆောင်ပေးနေသော ဖွံ့ဖြိုးရေးစီမံကိန်းများ အားလုံးကို ရပ်ဆိုင်းပစ်ခဲ့သည့်အပြင် အမေရိကန်၏ ကူညီထောက်ပံ့မှုများကိုပါ လက်ခံရယူခြင်းမပြုလုပ်ရန် ဆုံးဖြတ်ခဲ့ သည်။ သို့သော် ၁၉၅၆ ခုနှစ်တွင် အမေ ရိကန်ဘက်မှပေးအပ်နေသော ထောက်ပံ့ ကူညီမှုများကို ပြန်လည်ရယူရန် မြန်မာ အစိုးရက ပြောင်းလဲဆုံးဖြတ်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းယူခဲ့ပြီးနောက် ဆိုရှယ်လစ် စနစ်ကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တည် ဆောက်ရန် ကြိုးပမ်းခဲ့ချိန်တွင် အမေရိ ကန်ဘက်မှ ပေးအပ်နေသော အကူအညီ များကို ရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့သည်။ သို့သော် မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စနစ် ဖော်ဆောင်ရန် ကြိုးပမ်းခဲ့ခြင်းအပေါ် အမေရိကန်ဘက်မှ အာဆီယံဒေသတွင်း ၌ ¤င်းအား ဆန့်ကျင်သည့်နိုင်ငံတစ်ခု တိုးပွားလာခြင်းအဖြစ် ချက်ချင်းမှတ်ယူ ခဲ့ခြင်းမရှိပေ။
၁၉၆၆ ခုနှစ်တွင် မြန်မာနိုင်ငံကို ဦး ဆောင်နေပြီဖြစ်သည့် ဦးနေဝင်းသည် အမေရိကန်နိုင်ငံသို့ တရားဝင်ချစ်ကြည် ရေးခရီးသွားရောက်ကာ ထိုစဉ်က အမေ ရိကန်သမ္မတအဖြစ် တာဝန်ယူနေသော လင်ဒန်ဂျွန်ဆင်နှင့်တွေ့ဆုံခဲ့သည်။ ထို့ နောက် အမေရိကန်နိုင်ငံသို့မြန်မာနိုင်ငံ၏ ထိပ်ဆုံးခေါင်းဆောင်များလာရောက်ခြင်း မရှိတော့ဘဲ ၂ဝ၁၃ ခုနှစ် ရောက်ရှိမှသာ လျှင် အိမ်ဖြူတော်၌ သမ္မတအိုဘားမား နှင့် လာရောက်တွေ့ဆုံခဲ့သော မြန်မာနိုင်ငံ တော်သမ္မတဦးသိန်းစိန်သည် ဦးနေဝင်း နောက်ပိုင်း အမေရိကန်နိုင်ငံသို့တရားဝင် ချစ်ကြည်ရေးခရီး ပထမဆုံးလာရောက် သည့် မြန်မာနိုင်ငံ၏ထိပ်ဆုံးအကြီးအကဲ အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
အမေရိကန်သည် ဦးနေဝင်းဦးဆောင် သည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ သည် အာရှဒေသ၌ ကွန်မြူနစ်စနစ်ပြန့် ပွားခြင်းကို ကာကွယ်နိုင်လိမ့်မည်ဟု ရှု မြင်ခဲ့ကြသည်။ တရုတ်ကွန်မြူနစ်ပါတီ က ပေးအပ်သော ကူညီထောက်ပံ့မှုများ ဖြင့် ၁၉၆၈ ခုနှစ်တွင် ဗမာပြည်ကွန်မြူ နစ်ပါတီ၏တပ်များ ရှမ်းပြည်နယ်မြောက် ပိုင်းသို့ဝင်ရောက်လာချိန်တွင် အမေရိကန် ၏ ရှုမြင်ချက်များမှာ မှန်ကန်မည်ဟုပိုမို ယုံကြည်ဖွယ်ရာ ဖြစ်လာခဲ့သည်။ အမေ ရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ သည် ၁၉၅၇ ခုနှစ်မှစတင်ကာ မြန်မာ့ တပ်မတော်ထောက်လှမ်းရေးအဖွဲ့နှင့် ဆက်ဆံရေးစတင်ထူထောင်ခဲ့သည်။ မြန်မာ့တပ်မတော်မှ ထောက်လှမ်းရေး အရာရှိနှစ်ဦးသည် ဆိုင်ပန်ကျွန်းတွင်ဖွင့် လှစ်သော အမေရိကန်ထောက်လှမ်းရေး သင်တန်းတက်ရောက်ခွင့်ရရှိခဲ့သည်။ သင်တန်းတက်ရောက်ခွင့်ရရှိခဲ့သူနှစ်ဦး ထဲတွင် မြန်မာနိုင်ငံ၌ ''မျက်မှန်တင်ဦး'' ဟု ခေါ်ဆိုခံရသည့် ထောက်လှမ်းရေး အရာရှိဖြစ်သော ဦးတင်ဦးလည်းပါဝင် ခဲ့သည်။

ဦးတင်ဦးသည် နောက်ပိုင်းတွင် ဦးနေဝင်းအားထားသော ထောက်လှမ်း ရေးအဖွဲ့ ခေါင်းဆောင်ဖြစ်လာခဲ့သော် လည်း ၁၉၈၃ ခုနှစ်တွင် အဂတိလိုက် စားမှုများဖြင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရ သည်။ ဆိုင်ပန်ကျွန်းတွင် ထောက်လှမ်း ရေးသင်တန်း တက်ရောက်ခွင့်ရခဲ့သူ နောက်တစ်ဦးမှာ ဦးလေးမောင်ဖြစ်ကာ ၁၉၈ဝ ပြည့်နှစ်တွင် နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ပေးခံခဲ့ရသည်။ ထို့အပြင် အမေရိကန်က ပေးအပ်သောရန်ပုံငွေဖြင့် ဖွင့်လှစ်သည့် ထောက်လှမ်းရေးသင်တန်း ဖြစ်သော နိုင်ငံတကာစစ်ပညာနှင့် အခြား ပညာရေး၊ လေ့ကျင့်ရေးသင်တန်းသို့ မြန်မာ့တပ်မတော်မှ အရာရှိအများအပြား တက်ရောက်ခွင့်ရခဲ့သည်။ တက်ရောက် ခွင့်ရခဲ့သူများထဲတွင် ၂ဝ၁၂ ခုနှစ်မှ၂ဝ၁၆ ခုနှစ်အထိ မြန်မာအစိုးရအဖွဲ့၏ ဒုတိယ သမ္မတအဖြစ် တာဝန်ယူခဲ့သော ဦးÓဏ် ထွန်းလည်းပါဝင်ခဲ့သည်။
ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့သော်လည်း မြန်မာ့တပ်မတော် က အာဏာထပ်မံသိမ်းယူခဲ့သည့် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် မြန်မာနှင့်အမေရိ ကန်ကြား၌ မူးယစ်ဆေးဝါးတိုက်ဖျက် ရေးလုပ်ငန်းစဉ်များမှလွဲ၍ အခြားကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှုပြုလုပ် ခြင်းမရှိတော့ပေ။အမေရိကန်နှင့်အနောက် နိုင်ငံများက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုအမျိုးမျိုးချမှတ်ခဲ့ခြင်းသည် မြန်မာနိုင်ငံအား တရုတ်နိုင်ငံနှင့် ပိုမိုနီးစပ် သွားစေရန် တွန်းပို့သကဲ့သို့ဖြစ်ခဲ့သည်။ ၂ဝ၁ဝ ပြည့်နှစ်တွင်ကျင်းပခဲ့သော ရွေး ကောက်ပွဲနှင့်အတူ ဒီမိုကရေစီအသွင်ကူး ပြောင်းမှုများ ဖော်ဆောင်ခဲ့ခြင်းသည် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် မှီခိုလွန်းနေရသည့် အထီးကျန်နိုင်ငံဘဝ မှ လွတ်မြောက်ရေးဆိုသော ရည်ရွယ် ချက်ပါဝင်ကြောင်း မြန်မာ့အရေးလေ့လာ သူများက သုံးသပ်ကြသည်။
အနောက်နိုင်ငံများနှင့် အမေရိကန် သည် ¤င်းတို့ချမှတ်ခဲ့သော ပိတ်ဆို့ အရေးယူမှုများကြောင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြားတွင် ဆက်ဆံရေးပိုမို ကောင်းမွန်သွားသည့်အပြင် မြန်မာနိုင်ငံ အား တရုတ်နိုင်ငံနှင့် ပိုမိုနီးစပ်အောင် တွန်းပို့သကဲ့သို့ဖြစ်ခဲ့ကြောင်းကို သဘော ပေါက်နားလည်ခဲ့ပြီးဖြစ်သည်။ တရုတ် နိုင်ငံအတွက်မူ မြန်မာနိုင်ငံသည် ယခင် ကတည်းက အရှေ့တောင်အာရှဒေသနှင့် ချိတ်ဆက်ရန်အတွက် ကုန်းမြေတံတား တစ်ခုအသွင်ဖြစ်ခဲ့သည့်အပြင် လက်ရှိ အချိန်၌လည်း ကုန်သွယ်မှုကဏ္ဍအတွက် သာမက အနောက်နိုင်ငံများ၏ မဟာ ဗျူဟာမြောက်ရည်မှန်းချက်များကို ကိုင် တွယ်ရန်အတွက်ပါ အဓိကကျသော နိုင်ငံအဖြစ် ရှုမြင်ထားပြီးဖြစ်သည်။ အမေ ရိကန်ချမှတ်ကျင့်သုံးခဲ့သော မြန်မာနိုင်ငံ ဆိုင်ရာမူဝါဒများသည် ကျယ်ပြန့်မှုနှင့် ဟန်ချက်ညီမှုနည်းပါးခဲ့ကြောင်း သတ် မှတ်ရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် လည်း ဒေါ်နယ်ထရန့်နှင့် အိမ်ဖြူတော် ၏ အာရုံစိုက်မှုအတွင်း၌ မြန်မာနိုင်ငံမပါ ဝင်ကြောင်းမှာ ထင်ရှားနေပြီဖြစ်သည်။(Ref; As Trump Turns Away, China Gains in Myanmar by Bertil Lintner )