images
UN
UN
ကလေးမြို့ အထကနတ်ချောင်းတွင် မိုးရာသီအမှတ်ပေးဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲကျင်းပ
ဇော်ဝင်းထွန်း Thursday, 12 July 2018
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ နတ်ချောင်းစံပြကျေး ရွာအထက်တန်းကျောင်းတွင် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ကျောင်းကောင်စီဥက္ကဋ္ဌဖလား မိုးရာသီအမှတ်ပေးဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျောင်းအားကစားကွင်း တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကွင်းဖွင့်ပွဲသို့ အသင်းငါးသင်းမှ အားကစားသမားများ၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ကွင်းဖွင့်ပွဲအဖြစ် ကျန်စစ်သားအသင်းနှင့်ဘုရင့်နောင်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဘုရင့်နောင်အသင်းက လေးဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။