images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်မှုအပေါ် ကျေနပ်မှုမရှိသဖြင့် ငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒထုတ်ဖော်
ကိုနေ(ကျောက်ပန်းတောင်း) Thursday, 12 July 2018
မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်း မြို့နယ် တောင်ပေါ်(တောင်)ကျေး ရွာမှ ဒေသခံပြည်သူအချို့သည် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုအပေါ် ကော်မရှင်ငါးဦး ၏ လုပ်ငန်းဆောင်ရွက်မှုများကို ကျေနပ်မှုမရှိသဖြင့် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခြင်း ကို ယနေ့နံနက် ၉ နာရီက မြို့နယ် အားကစားကွင်းရှေ့မှ စတင်ခဲ့ကြ ကြောင်း သိရသည်။
အဆိုပါငြိမ်းချမ်းစွာလမ်းလျှောက် ဆန္ဒထုတ်ဖော်ခြင်းကို တောင်ပေါ် (တောင်)ကျေးရွာနေ ဦးဖိုးဌေးက ဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ကျေး ရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ် ရေးအတွက် ၄င်းတို့ကျေးရွာလူထု ၏ သဘောဆန္ဒဖြင့် ရွေးကောက် တင်မြှောက်ခဲ့ကြသည့် ရပ်မိရပ်ဖ (ခေါ်)ကော်မရှင်ငါးဦး၏ လုပ်ငန်း ဆောင်ရွက်မှုများအပေါ် ကျေနပ် မှုမရှိသဖြင့် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း သိရသည်။ ငြိမ်းချမ်း စွာ စီတန်းလမ်းလျှောက် ဆန္ဒထုတ် ဖော်ခြင်းကို ကျောက်ပန်းတောင်း မြို့နယ် ပြည်သူ့အားကစားကွင်းရှေ့ မှ ယနေ့နံနက် ၉ နာရီတွင် စတင်ခဲ့ ကြပြီး အောက်ခံအနီပေါ်တွင် အဖြူ ရောင်စာလုံးဖြင့် ရေးသားထား သည့် ''တောင်ပေါ်(တောင်) ကျေးရွာ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ပြည်သူ့ဆန္ဒမဲ အများဆုံးရရှိသူအား ဖယ်ရှား၍ ဆန္ဒမဲ ရှုံးနိမ့်သူအား ရွေးချယ်ခန့် အပ်ပေးသည့် ကော်မရှင်ငါးဦး၏ မဲစာရင်းလိမ်လည်တင်ပြမှု၊ လူ့ အခွင့်အရေးချိုးဖောက်မှု၊ ရပ် ကျေးအုပ်ချုပ်ရေးမှူးရွေးချယ်မှု ဥပဒေစည်းမျဉ်း၊ စည်းကမ်းချိုး ဖောက်ခြင်းအား မကျေနပ်၍ ဆန္ဒ ဖော်ထုတ်ခြင်း''စာသားပါ အလျား လေးပေ၊ အနံသုံးပေရှိ ဗီနိုင်းဆိုင်း ဘုတ်နှစ်ခုကိုကိုင်ဆောင်၍ ရန်ကုန်- ပြည်-မန္တလေးလမ်းမကြီး(မြို့လယ် လမ်းမကြီး)အတိုင်း မြောက်မှ တောင်သို့ ဗိုလ်ချုပ်ကြေးရုပ်၊ မီးသတ်လမ်းဆုံတို့ကိုဖြတ်၍ တိတ် ဆိတ်ငြိမ်သက်စွာ စီတန်းလမ်း လျှောက်ခဲ့ကြပြီး ယနေ့နံနက် ၁ဝနာရီတွင် ဘူတာလမ်းဆုံသို့ ရောက်ရှိရပ်နားခဲ့ကြကာ အေးချမ်း စွာ လူစုခွဲခဲ့ကြကြောင်း သိရသည်။
''ကျွန်တော်တို့ အခုလိုဆန္ဒ ထုတ်ဖော်ရတဲ့ အကြောင်းရင်းကတော့ ကော်မရှင်အဖွဲ့ရဲ့ မဲလိမ်လည်မှု အပေါ် မကျေနပ်လို့ ဆန္ဒထုတ်ဖော် ကြတာပါ။ ကျွန်တော်တို့ရွာမှာ တိတိကျကျမဲစာရင်းပေးသူ ၃၂ဝ ရှိပါတယ်။ ကျွန်တော် ဦးဖိုးအေး က ၁၇၉ မဲ၊ ကိုအောင်ကျော်မြင့်က ၁၂၃မဲနဲ့ ဦးကျော်ထွန်းအေး တစ်မဲ၊ ပယ်မဲက ၁၇ မဲ စုစုပေါင်း ၃၂ဝ မဲပေးခဲ့တာပါ။ အဲဒါကို သူတို့က အထက်ကို တိုင်းဒေသကြီးကို တင် ပြတဲ့မဲမှာ ကိုအောင်ကျော်မြင့်နဲ့ ကိုကျော်ထွန်းအေး နှစ်မဲကိုသာ တင်ပြခဲ့ပါတယ်။ ဒါကိုလိမ်လည်မှု လို့ ယူဆပါတယ်။ ဒီ ၁၇၉ ဦး အိမ်ထောင်စုရဲ့နောက်ကွယ်က လူထု မှာ လူ့အခွင့်အရေးတွေ မတရား နစ်နာရပါတယ်။ နောက်တစ်ခုက ကော်မရှင် ကော်မတီရဲ့ စည်းမျဉ်း စည်းကမ်းတွေကို ဖောက်ဖျက်ပြီး လုပ်တဲ့အတွက် မကျေနပ်လို့ ဆန္ဒ ထုတ်ဖော်တာပါ''ဟု အဆိုပါဆန္ဒ ထုတ်ဖော်ပွဲကို ခေါင်းဆောင်ပြုလုပ် သူ ဦးဖိုးဌေးက ဆန္ဒပြရသည့် အကြောင်းအရင်းနှင့်ပတ်သက်၍ ပြောသည်။
အဆိုပါငြိမ်းချမ်းစွာ စီတန်း လမ်းလျှောက်မှုကို တောင်ပေါ် (တောင်)ကျေးရွာမှ ဦးဖိုးဌေးပါ ကျား ၅၇ ဦးနှင့် မ ၁၉ ဦး စုစု ပေါင်း ၇၆ ဦးတို့က သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ကြိုတင် အသိပေးတင်ပြဆောင်ရွက်ခြင်းဖြစ် ကြောင်းသိရပြီး မြို့နယ်ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ဒုတိယရဲမှူး ခင် မောင်ထွေးဦးဆောင်သည့် အရာရှိ ငါးဦးနှင့် အခြားအဆင့် ၁၃ ဦးတို့မှ လမ်းတစ်လျှောက် လုံခြုံရေးလိုက် ပါဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။