images
UN
UN
မြေဂရန်များအပေါင်ထားပြီး ဘဏ်မှ ငွေကျပ်သန်း ၅ဝ ကိုလိမ်လည်ရယူသူ အမျိုးသမီးနှစ်ဦးကို တိုင်ကြား
နွယ်နွယ်(မကွေး) Thursday, 12 July 2018
မကွေးမြို့နေ အမျိုးသမီးနှစ်ဦး အား မြေဂရန်များပေးပြီး ဘဏ်မှ ငွေကျပ်သန်း ၅ဝကို လိမ်လည် ထုတ်ယူသွားသည်ဆိုကာ ဘဏ် တာဝန်ရှိသူက ယခုလ ၁ဝ ရက် တွင် တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း နယ်မြေခံရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ မကွေးမြို့နယ် ချမ်း မြေ့သာယာကျေးရွာရှိ ဆောက်လုပ် ရေးအိမ်ရာနှင့်အခြေခံအဆောက် အအုံဖွံ့ဖြိုးရေးဘဏ်သို့ ၂ဝ၁၅ခုနှစ် နိုဝင်ဘာ ၁၃ရက်တွင် မခင်မိုးအေး (၃၉နှစ်) ရွာသစ်ပွဲကြိုရပ်ကွက် (၁၈)လမ်း မကွေးမြို့နေသူသည် ၄င်းပိုင်မြေကွက် ရွာသစ်ပွဲကြို၊ ကွင်းအမှတ်(၁ဝ)-ဘီ၊ (ရွာသစ်-အရှေ့)၊ဦးပိုင် အမှတ်(၃၂က) မခင် မိုးအေး အမည်ပေါက် နှစ် ၃ဝ မြေအငှားဂရန်နှင့် တစ်ထပ်တိုက် အဆောက်အအုံတစ်လုံး၊ စက်မှု ရပ်ကွက်ကွင်း အမှတ်(၁၆၄၄/ ၂၉၂၅)၊ ဒဟတ်ကန်အနောက်၊ ဦးပိုင်အမှတ် (၁၉+၂ဝ) ဧရိယာ ဝ ဒသမ ၁၁၉ ဧက၊ မခင်မိုးအေး အမည်ပေါက် နှစ် ၃ဝ မြေငှားဂရန် မြေကွက် ဒဟတ်ကန်စက်သုံးဆီ ရပ်ကွက်ကွင်း အမှတ်(၁၆၄၄/ ၂၉၁၅) ဒဟတ်ကန်အနောက် ဦးပိုင် အမှတ်(၅ဝ) ဧရိယာ(ဝ ဒသ မ ဝ၄) ဧက၊ မခင်မိုးအေးအမည် ပေါက် နှစ် ၃ဝ မြေငှားဂရန် မြေကွက်တို့ကို ဘဏ်သို့အပေါင် အာမခံထားကာ ဘဏ်ချေးငွေ ကျပ်သန်း ၅ဝကို ချေးယူခဲ့ပြီး ချေးငွေအာမခံကတိစာချုပ်တွင် အဆိုပါမြေကွက်များနှင့် အဆောက် အအုံများအား မခင်မိုးအေး ပိုင်ဆိုင် သည်မှာ မှန်ကန်ကြောင်း၊ မသန်း သန်းဌေး(၃၅နှစ်) ကန်သာ(ဒီ) အုပ်စု (၁၅)လမ်းနေသူက အာမခံ အဖြစ်လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ထိုသို့ ဘဏ်သို့အပေါင်အာမခံ အဖြစ် ပေးအပ်ထားသောမြေကွက် သုံးကွက်အနက် မခင်မိုးအေး အမည်ပေါက်ကွင်းအမှတ် (၁၆၄၄/ ၂၉၂၅) ဒဟတ်ကန် အနောက် ဦးပိုင်အမှတ်(၁၉+၂ဝ)၊ ဧရိယာ ဝ ဒသမ ၁၁၉ ဧက၊ နှစ် ၃ဝ မြေငှားဂရန်မြေကွက်ကို မသန်း သန်းဌေးက ၄င်းအမည်ပေါက်နှင့် ဂရန်ပြုလုပ်ထားပြီး အခြားသူများ အား လွှဲပြောင်းခြင်း၊ ရောင်းချ ခြင်း၊ ပေါင်နှံခြင်းများ ပြုလုပ်နေ ကြောင်း သိရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏ တိုင်ကြားချက်အရ သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မြေ ဂရန်များအပေါင်ထားပြီး ဘဏ်မှ ငွေကျပ်သန်း ၅ဝ ကို လိမ်လည် ရယူခဲ့သူ မခင်မိုးအေးနှင့် မသန်း သန်းဌေးတို့ နှစ်ဦးအား အရေးယူ ပေးရန် ဦးစောကျော်ထင် ဒု မန်နေဂျာ ဆောက်လုပ်ရေးအိမ်ရာ နှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုး ရေးဘဏ် ချမ်းမြေ့သာယာကျေး ရွာ မကွေးမြို့နေသူက ယခုလ ၁ဝ ရက်တွင် တရားလိုပြုတိုင်ကြား ခဲ့၍ မကွေးမြို့မရဲစခန်းမှ (ပ) ၈ဝ၄/၂ဝ၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၄၂ဝ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း သိရသည်။