images
UN
UN
လျှော့တွက်ခံရမှုကြောင့် အားသာချက်ရရှိခဲ့ဟု မိုဒရစ်ပြောကြား ရှုံးနိမ့်ရန်ထိုက်တန်ခဲ့ကြောင်း အင်္ဂလန်အသင်းခေါင်းဆောင်ဝန်ခံ
Thursday, 12 July 2018
ခရိုအေးရှားအသင်းခေါင်း ဆောင်မိုဒရစ်ကကမ္ဘာ့ဖလားအကြို ဗိုလ်လုပွဲစဉ်တွင် အင်္ဂလန်အသင်း အား အနိုင်ရခဲ့သည့်အကြောင်းရင်း များထဲ၌ အင်္ဂလန်ဘောလုံးကျွမ်း ကျင်သူများနှင့်ကစားသမားဟောင်း များက ခရိုအေးရှားအား လျှော့ တွက်ခဲ့ခြင်းကြောင့် အားသာချက် ဖြစ်စေခဲ့သည့်အချက်လည်း ပါဝင် ကြောင်း ပြောသည်။
မိုဒရစ်က ''အင်္ဂလန်ဘောလုံး ကျွမ်းကျင်သူတွေနဲ့ အင်္ဂလန်ကစား သမားဟောင်းတွေဟာ ကျွန်တော် တို့ကို လျှော့တွက်ခဲ့ပါတယ်။ ဒီလို လျှော့တွက်ခဲ့တာဟာ ဘယ်လို အကျိုးသက်ရောက်မှုဖြစ်ခဲ့သလဲဆို တာသေချာမသိပေမယ့် ကျွန်တော် တို့အတွက်တော့အားသာချက်တစ်ခု ဖြစ်စေခဲ့ပါတယ်။ သူတို့ထင်တာ က ရှုံးထွက် ၁၆ သင်းအဆင့်နဲ့ အကြိုဗိုလ်လုပွဲမှာ ကျွန်တော်တို့ ဟာ ပင်နယ်တီအဆုံးအဖြတ်အထိ ကစားခဲ့ရတာကြောင့် ပင်ပန်းနွမ်း နယ်နေမယ်ဆိုတဲ့ ယူဆချက်ဖြစ်ပါ တယ်။ ဒါပေမယ့် လက်တွေ့မှာ ကျွန်တော်တို့ကလန်းဆန်းမှုအပြည့် ရှိကြောင်း ပြနိုင်ခဲ့ပါတယ်။ ကာယ ပိုင်းမှာတင်မကဘဲ စိတ်ဓာတ်ပိုင်း မှာပါ အကောင်းဆုံးအခြေအနေမှာ ရှိတယ်လို့ ပြသပြီး ပွဲကိုလွှမ်းမိုး ထားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ကို လျှော့တွက်တယ်လို့သတ်မှတ် ရမယ့် သုံးသပ်ချက်တွေကို ကြား ပြီးနောက်မှာ တစ်သင်းလုံးဟာ အကောင်းဆုံးလုပ်ပြဖို့ စိတ်ဓာတ် ပြင်းထန်ခဲ့ပါတယ်။ ခရိုအေးရှား နိုင်ငံရဲ့ အားကစားသမိုင်းတစ် လျှောက်မှာ အမြင့်ဆုံးအောင်မြင်မှု လို့သတ်မှတ်နိုင်မယ့် ကမ္ဘာ့ဖလား ဗိုလ်လုပွဲရောက်အောင် လုပ်ပြနိုင် ခဲ့ပါတယ်''ဟုပြောသည်။
ခရိုအေးရှားသည် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတစ်လျှောက်တွင် ရှုံးထွက် ၁၆ သင်းအဆင့်နှင့် ကွာ တားဖိုင်နယ်အဆင့်များတွင် အချိန် ပိုအထိ ကစားခဲ့ရပြီး အကြိုဗိုလ်လု ပွဲတွင်ပါ အချိန်ပိုအထိဆက်ကစား ရပြီးနောက် ဗိုလ်လုပွဲသို့ရောက်ရှိ သည့် ပထမဆုံးအသင်းအဖြစ်မှတ် တမ်းဝင်ခဲ့သည်။ ခရိုအေးရှားသည် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် တတိယဆု ကိုသာအမြင့်ဆုံးအောင်မြင်မှုအဖြစ် ရရှိခဲ့ဖူးပြီး ၁၉၉၈ ခုနှစ်က ပြင် သစ်နိုင်ငံတွင်ကျင်းပသော ကမ္ဘာ့ ဖလားပြိုင်ပွဲတွင်ရရှိခဲ့ခြင်းဖြစ်သည်။
အင်္ဂလန်အသင်းခေါင်းဆောင် ဟာရီကိန်းက အကြိုဗိုလ်လုပွဲတွင် ခရိုအေးရှားဟာ ရှုံးနိမ့်ရန်ထိုက်တန် ခဲ့ကြောင်း ဝန်ခံခဲ့သည့်အပြင် ရရှိ ခဲ့သည့်အခွင့်အရေးကောင်းများကို အသုံးမချနိုင်ခဲ့ခြင်းကြောင့်အင်္ဂလန် ပြည်သူများအတွက် တာဝန်မကျေ သကဲ့သို့ ခံစားရကြောင်းလည်း ပြောကြားခဲ့သည်။ အင်္ဂလန်သည် ၁၉၆၆ ခုနှစ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့ပြီး နောက် ချန်ပီယံဆုကို နောက်တစ် ကြိမ်ထပ်မံရယူရန် အကောင်းဆုံး အခြေအနေတွင်ရှိနေကြောင်းသတ် မှတ်ခံရသည့်ကြားမှ ရှုံးနိမ့်ကာ ဗိုလ်လုပွဲနှင့်ဝေးခဲ့ခြင်းဖြစ်သည်။
Ref ;BBC