images
UN
UN
အင်္ဂလန် ရှုံးသင့်ဟု မော်ရင်ဟိုသုံးသပ်
Thursday, 12 July 2018
မန်ယူနည်းပြမော်ရင်ဟိုက ခရိုအေးရှားနှင့်ယှဉ်ပြိုင်ကစားခဲ့သော ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲစဉ်တွင် အချိန်ပို၌ ရှုံးနိမ့်ခဲ့သောအင်္ဂလန် သည် ရှုံးသင့်၍ရှုံးခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ မော်ရင်ဟို က ရုရှားနေ့စဉ်သတင်းစာနှင့်တွေ့ဆုံခဲ့ရာတွင် အင်္ဂလန်သည် ပွဲချိန် ၅ မိနစ်တွင် ဦးဆောင်ဂိုးရရှိခဲ့သည့်အပြင် ဂိုးထပ်မံရရှိနိုင်သော အခွင့်အရေး နှစ်ကြိမ်ခန့်ထပ်မံရရှိခဲ့သည်ကို အသုံးမချနိုင်ခဲ့သည့် အပြင် ခရိုအေးရှားက ပွဲကိုလွှမ်းမိုးလာချိန်တွင် လိုက်လျောညီထွေ ရှိသောကစားဟန်မျိုးသို့ ပြောင်းလဲခြင်းမရှိခဲ့မှုများသည် ရှုံးနိမ့်မှုဆီ သို့ ဦးတည်သွားစေခဲ့သော အကြောင်းရင်းများဖြစ်ကြောင်း သုံးသပ် ခဲ့သည်။ သို့သော် မော်ရင်ဟိုက အင်္ဂလန်အသင်းတွင် လူငယ်ကစား သမားအများစုပါဝင်နေခြင်းကြောင့် လာမည့်ယူရိုနှင့် ကမ္ဘာ့ဖလား ပြိုင်ပွဲများတွင် ပိုမိုတောင့်တင်းလာမည်ဖြစ်ကာ နည်းပြအဖွဲ့ကို ဆက် ထိန်းရန် အကြံပြုခဲ့သည်။
Ref ;Goal