images
UN
UN
စံချိန်သစ်များထပ်ယူရန် ရော်နယ်ဒိုရည်မှန်း
Thursday, 12 July 2018
ဂျူဗင်တပ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီး ဖြစ်သော ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုက အသင်း သစ်နှင့်အတူ အောင်မြင်မှုများထပ်မံရယူကာ တစ်ဦးချင်းစံချိန်သစ် များထပ်တင်နိုင်ရန်ရည်မှန်းထားကြောင်း ပြောသည်။ ရော်နယ်ဒို သည် ဂျူဗင်တပ်အသင်းနှင့်အတူ စီးရီးအေဖလားရရှိခဲ့မည်ဆိုပါက ပရီးမီးယားလိဂ်၊ လာလီဂါနှင့် စီးရီးအေပြိုင်ပွဲများတွင် ချန်ပီယံဆု ရယူနိုင်သည့်ပထမဆုံးကစားသမားဖြစ်လာမည်ဖြစ်သည်။ ထို့ပြင် ချန်ပီယံလိဂ်ဖလား ရရှိခဲ့မည်ဆိုပါကလည်း ချန်ပီယံလိဂ်ဖလားကို မတူညီသည့်ကလပ်သုံးခုနှင့် ရယူနိုင်ခဲ့သည့် ဒုတိယမြောက်ကစား သမားအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။ နာမည်ကျော်လောင်းကစား ကုမ္ပဏီများက ရော်နယ်ဒိုသည် လာမည့်ဘောလုံးရာသီတွင် စီးရီးအေ သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း ဂိုးအများဆုံးသွင်းသည့်စံချိန် ကို ချိုးဖျက်မည်ဟု ခန့်မှန်းထားသည်။ Ref ;Footballitalia