images
UN
UN
မြန်မာယူ-၁၉အသင်း ဗိုလ်လုပွဲတက်ရောက်
Thursday, 12 July 2018
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပလျက်ရှိသော အာဆီယံယူ-၁၉ အမျိုးသားဘောလုံးပြိုင်ပွဲ၏ ပထမအကြိုဗိုလ်လုပွဲ ကိုယနေ့ကျင်းပခဲ့ရာတွင် မြန်မာယူ-၁၉ အသင်းကထိုင်းယူ-၁၉ အသင်းကို ၁-ဝ ဂိုးဖြင့်အနိုင်ရကာ ဗိုလ်လုပွဲသို့တက်ရောက်နိုင် ခဲ့သည်။ မြန်မာယူ-၁၉ အသင်းရရှိခဲ့သောအနိုင်ဂိုးကို ပွဲချိန် ၈၆ မိနစ်တွင် တိုက်စစ်မှူးဝင်းနိုင်ထွန်းက တန်ပြန်တိုက်စစ်မှတစ်ဆင့် ရရှိသောအခွင့်အရေးကိုအသုံးချကာ သွင်းယူခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်းသည် ယခုလ ၁၄ ရက်တွင်ကျင်းပမည့် ဗိုလ်လုပွဲ တွင် မလေးရှား သို့မဟုတ် အင်ဒိုနီးရှားနှင့်ကစားရမည်ဖြစ်သည်။