images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင် မဲရှုံးသူအားခန့်အပ်ခဲ့သောကြောင့် ဆန္ဒဖော်ထုတ်
မေနဒီမြနွယ် Thursday, 12 July 2018
မန္တလေးတိုင်း ဒေသကြီး ညောင်ဦးခရိုင်ကျောက်ပန်းတောင်း မြို့နယ် တောင်ပေါ်(တောင်)ကျေး ရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးရွေး ချယ်ပွဲ၌ မဲအရေအတွက်နည်းသူ (ရှုံးသူ)အား ကျေးရွာစုအုပ်ချုပ် ရေးမှူးခန့်ထားသည့်ကိစ္စနှင့်ပတ် သက်၍ ကျေးရွာနေပြည်သူများက မကျေနပ်သဖြင့် ယနေ့နံနက် ၉ နာရီခန့်တွင် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း ဆန္ဒမဲ ရွေးချယ်ပွဲတွင် မဲအနိုင်ရရှိခဲ့သူဖြစ် သည့် ဦးဖိုးဌေး၏ ပြောကြားချက် အရ သိရသည်။
''ကျွန်တော်တို့ တောင်ပေါ် (တောင်)မှာ ရပ်/ကျေးအုပ်ချုပ် ရွေးချယ်ပွဲရဲ့ရလဒ်ကို ကော်မရှင် အဖွဲ့ကနေပြီးတော့ မဲလိမ်လည်ပြီး
အထက်ကိုတင်ပြထားတယ်။ ပြီး ခဲ့တဲ့ ဧပြီလ ၁၉ရက်နေ့မှာတော့ မြို့နယ်ကနေ ဘယ်သူကချပေး တာလဲဆိုတာ ကျွန်တော်တို့သေချာ မသိပါဘူး။မဲရှုံးတဲ့ကိုအောင်ကျော် မြင့်ကိုယာယီဥက္ကဋ္ဌဆိုပြီး ခန့်အပ် ခဲ့တယ်။ အဲဒီခန့်အပ်လိုက်တယ် ဆိုတာကိုလည်း ကျေးရွာကလူထု ကို ပွင့်လင်းမြင်သာအောင်ချပြခဲ့ ခြင်းလည်းမရှိပါဘူး။ ကျေးရွာက လည်း အသိအမှတ်မပြုပါဘူး။ ဒီကိစ္စတွေကိုအထက်က တာဝန်ရှိ တဲ့သူတွေအနေနဲ့ကျေးရွာနေ လူထု ဆန္ဒနဲ့အညီရွေးချယ်ထားတဲ့ မဲတွေ ကိုအခုလိုလိမ်ညာမှုတွေ ပြုလုပ် ခဲ့ကြတဲ့ ကော်မရှင်ငါးဦးနဲ့တကွ နောက်ကွယ်က ကြိုးကိုင်နေတဲ့ သူတွေကို ထိထိရောက်ရောက် အရေးယူပေးဖို့ရယ်၊မဲအရေအတွက် ရှုံးသူကို ကျေးရွာစုအုပ်ချုပ်ရေး မှူးခန့်ထားတဲ့ကိစ္စကို ပြန်လည် စိစစ်ပေးဖို့ရယ်အတွက် အခုလို မျိုးဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ရ ခြင်းဖြစ်ပါတယ်''ဟု၎င်းကပြော သည်။
အဆိုပါမဲရွေးချယ်ခြင်းကိုပြီး ခဲ့သည့် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁၄ရက်နေ့ကပြုလုပ်ခဲ့ခြင်းဖြစ်ရာ အိမ်ခြေစုစုပေါင်း ၃၅၅ အိမ်မှ ရာ အိမ်မှူးလေးဦးထွက်ရှိခဲ့ကြောင်း၊ ထို့နောက်တစ်ဦးမှာ၎င်း၏သဘော ဆန္ဒအလျောက် နုတ်ထွက်ခဲ့ပြီး မိမိအပါအဝင်သုံးဦးကျန်ခဲ့ရာတွင် အိမ်ထောင်စု ၃၂ဝ မှမဲပေးရွေး ချယ်ခဲ့ရာ မိမိဦးဖိုးဌေးက ၁၇၉မဲ၊ ဦးအောင်ကျော်မြင့်က ၁၂၃ မဲ၊ ဦးကျော်ဆွေဝင်းက တစ်မဲ၊ ပယ်မဲ အရေအတွက်မှာ ၁၇ မဲထွက်ရှိခဲ့ ကြောင်း၊ အဆိုပါမဲရလဒ်ကို ကော် မရှင်ငါးဦးက မြို့နယ်သို့ပေးပို့တင် ပြရာတွင် မိမိမှမဲအများဆုံးရရှိ ထားသောမဲအရေအတွက်နှင့် ပယ် မဲအရေအတွက်ကိုပယ်ချ၍ဒုတိယ မဲအများဆုံးရရှိသူ ဦးအောင်ကျော် မြင့် ၁၂၃ မဲနှင့် ဦးကျော်ဆွေဝင်း တစ်မဲကိုသာ လိမ်လည်တင်ပြခဲ့ သည့်အတွက် မဲပေးခဲ့ကြသူအိမ် ထောင်စု ၁၇၉ စုတို့၏လူ့အခွင့် အရေးကို ချိုးဖောက်ရာကျနေခြင်း ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောသည်။
ထို့ပြင် ၄င်းကိစ္စစတင်ဖြစ်ပွား သည့်အချိန်၌ ကျေးလက်အဖွဲ့ အစည်းများလာရောက်စစ်ဆေးခဲ့ သော်လည်း ဖြေရှင်းပေးနိုင်ခြင်း မရှိသကဲ့သို့ ကျောက်ပန်းတောင်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင်လွှတ် တော်ကိုယ်စားလှယ်များ၊ မြို့နယ် မှူးနှင့်တာဝန်ရှိသူများက စစ်ဆေး ခဲ့ကြသော်လည်း တိကျသည့်အဖြေ ကိုမရရှိခဲ့ကြောင်း၊နောက်ဆုံးအဆင့် ခရိုင်အထိ တိုင်ကြားရာ၌လည်း ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိ ကြောင်း မဲအနိုင်ရရှိထားသူ ဦးဖိုးထွေးက ဆက်လက်ရှင်းပြခဲ့ သည်။
၎င်းဆန္ဒဖော်ထုတ်ပွဲကို ကျေး ရွာ လူထုအင်အား ၈ဝခန့် ဖြင့် ဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်ပြီး မြို့ နယ်အားကစားကွင်းရှေ့မှ စတင်၍ ''တောင်ပေါ်(တောင်) ကျေးရွာ ရပ်/ကျေးအုပ်ချုပ်ရေးမှူး ရွေး ချယ်ရာတွင် ပြည်သူ့ဆန္ဒမဲအများ ဆုံးရရှိသူအားဖယ်ရှား၍ ဆန္ဒမဲရှုံး နိမ့်သူအား ရွေးချယ်ခန့်အပ်ပေး သည့်ကော်မရှင်ငါးဦး၏မဲစာရင်း လိမ်လည်တင်ပြမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ရပ်/ကျေးအုပ်ချုပ် ရေးမှူးရွေးချယ်မှုဥပဒေစည်းမျဉ်း စည်းကမ်းချိုးဖောက်ခြင်းအား မကျေနပ်၍ဆန္ဒဖော်ထုတ်ခြင်း'' ဟု ရေးသားပါရှိသည့် ဗီနိုင်း များအား ကိုင်ဆောင်၍ ဘူတာ လမ်းဆုံအဝိုင်းအထိငြိမ်းချမ်းစွာဖြင့် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ် ခဲ့ကြကြောင်း သိရသည်။