images
UN
UN
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့မှ အဖွဲ့ဝင်များအားလက်ခံတွေ့ဆုံ
NHW Thursday, 12 July 2018
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ စောမူတူးစေးဖိုး ဦးဆောင်သည့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Peace Process Steering Team- PPST)ဦးဆောင်အဖွဲ့မှ အဖွဲ့ဝင်များအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ် ကြီးတင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)ဗိုလ်ချုပ်ကြီးမောင် မောင်ကျော်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာ ရှိကြီးများ၊ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)တို့ တက်ရောက် ကြပြီး KNU အဖွဲ့ဥက္ကဋ္ဌနှင့်အတူ KKO အဖွဲ့ဥက္ကဋ္ဌ စောမူရှေး၊ KNU/KNLA(PC) အဖွဲ့ အထွေ ထွေအတွင်းရေးမှူး နော်ကပေါ် ထူး၊ RCSS/SSA အဖွဲ့မှ ငြိမ်း ချမ်းရေးဖော်ဆောင်ရေးအဖွဲ့ခေါင်း ဆောင် ဦးဘောင်ခေး၊ PNLO အဖွဲ့နာယက ခွန်ဥက္ကာ၊ALP အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်အောင်၊ ABSDF အဖွဲ့ဥက္ကဋ္ဌ ဦးသံခဲ၊ CNF အဖွဲ့ဥက္ကဋ္ဌ ဦးပူဇင်ကျုံး၊ NMSP (မွန်)အဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ထောမွန် နှင့် LDU အဖွဲ့ဒုတိယဥက္ကဋ္ဌဦးကြာ ဆော်လမွန်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် တပ် မတော်ကာကွယ်ရေးဦးစီးချုပ်က မိမိတို့အနေဖြင့် ဒီမိုကရေစီလမ်း ကြောင်းပေါ်တွင် အားလုံးပါဝင်ရ မည်ဖြစ်ကြောင်း၊ထိုသို့လျှောက်လှမ်း နိုင်ရန်အတွက် မိမိတို့အနေဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို သွားမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မ တော်အနေဖြင့် ဒို့တာဝန်အရေး သုံးပါးကို ကာကွယ်စောင့်ရှောက် သွားရမည်ဖြစ်ကြောင်း၊ အစိုးရ၊ တပ်မတော်နှင့် ပြည်သူလူထု အားလုံး စိတ်တူကိုယ်တူဖြင့်ငြိမ်း ချမ်းရေးရရှိအောင် အကောင်းဆုံး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဦးစွာပြောကြားသည်။
ထို့နောက် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်(Peace Process SteeringTeam- PPST) ဦးဆောင်အဖွဲ့မှအဖွဲ့ဝင်များသည် ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်အတွက် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်မရေးထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအား အမြန်ဆုံးပါဝင်လက်မှတ် ရေးထိုးနိုင်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Peace Process Steering Team- PPST) ဦးဆောင်အဖွဲ့မှအဖွဲ့ဝင် များအားအမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ပြီး အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။