images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီအလုပ်အမှုဆောင် စစ်ကိုင်းတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌနှင့် ရပ်/ကျေးပါတီဥက္ကဋ္ဌများအားတွေ့ဆုံ
လင်းခေတ်သွေး(မုံရွာ) Thursday, 12 July 2018
စစ်ကိုင်းတိုင်းဒေသကြီး အရာ တော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးအစည်း အဝေးခန်းမတွင် ပါတီဗဟိုအလုပ် အမှုဆောင် တိုင်းဒေသကြီး ပါတီ ဥက္ကဋ္ဌဒေါက်တာမြင့်သိန်းနှင့် အရာ တော်မြို့နယ်အတွင်းရှိ ရပ်/ကျေး ပါတီဥက္ကဋ္ဌများတွေ့ဆုံပွဲကို ယမန် နေ့နံနက် ၁ဝ နာရီက ကျင်းပ ခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် တိုင်း ဒေသကြီးပါတီဥက္ကဋ္ဌက စစ်ကိုင်း တိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ယခု လက်ရှိဆောင်ရွက်လျက်ရှိ သော လုပ်ငန်းများနှင့် ဆက်လက် လုပ်ဆောင်မည့်ဖွံ့ဖြိုးရေးလုပ်ငန်း များကို ရှင်းလင်းပြောကြားပြီး ရပ်/ကျေးဥက္ကဋ္ဌများအနေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဝိုင်းဝန်း ကူညီလုပ်ဆောင်ပေးရန် မြန်မာ နိုင်ငံတွင် ယနေ့ဖြစ်ပေါ်လျက်ရှိ သော နိုင်ငံရေးဖြစ်စဉ်များကို ရှင်း လင်းပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက် ရောက်လာသော ရပ်/ကျေးဥက္ကဋ္ဌ များမှ သိရှိလိုသည့်မေးခွန်းများကို တိုင်းဒေသကြီးပါတီဥက္ကဋ္ဌက ပြန် လည်ရှင်းလင်းဖြေကြားခဲ့သည်။
တွေ့ဆုံပွဲအခမ်းအနားသို့ ပြည် ခိုင်ဖြိုးပါတီ ဗဟိုကော်မတီအလုပ် အမှုဆောင် စစ်ကိုင်းတိုင်းဒေသ ကြီး ပါတီဥက္ကဋ္ဌဒေါက်တာမြင့် သိန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင်၊ မြို့ နယ်အဆင့် ကော်မတီဝင်များ၊ အရာတော်မြို့နယ်အတွင်းရှိ ရပ်/ ကျေးပါတီဥက္ကဋ္ဌ ၄၁ ဦးတို့ တက် ရောက်ခဲ့သည်။