images
UN
UN
မန္တလေးတိုင်းသတင်းစာဆရာအသင်း မြို့နယ်မစုံ၍ ကန့်ကွက် မြို့နယ်လေးမြို့နယ်က ညီလာခံဆက်မတက်ဘဲ ထွက်ခွာသွား
ဌေးမြင့်အောင် Thursday, 12 July 2018
မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း(မန္တလေးတိုင်းဒေသကြီး) တတိယအကြိမ်ညီလာခံကို မဟာ အောင်မြေမြို့နယ် ရတနာပျိုးခင်း စာကြည့်တိုက်၌ကျင်းပရာ မိတ္ထီလာ မြို့နယ်သတင်းထောက် ဦးတင် လှိုင်က မန္တလေးတိုင်းဒေသကြီး သတင်းစာဆရာအသင်းဖြစ်၍တိုင်း ဒေသကြီးအတွင်း ၂၉ မြို့နယ်ရှိ သတင်းထောက်များ စုံညီစွာဖိတ် ကြား၍ကျင်းပပေးရန်နှင့် ညီလာခံ က်ု မြို့နယ်စုံဖြင့်ကျင်းပရန်၊ မြို့ နယ်မစုံလျှင် ညီလာခံရပ်နားပေး ရန် တောင်းဆိုကန့်ကွက်မှု ယနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်။
မန္တလေးတိုင်းအမည်ခံ၍ ၂၉ မြို့နယ်မဖိတ်ဘဲ မန္တလေးမြို့ခံဖြင့် ကျင်းပမှုကိုကန့်ကွက်ခြင်းဖြစ်၍ မိတ္ထီလာ၊ ညောင်ဦး၊ မလှိုင်၊ နွား ထိုးကြီး လေးမြို့နယ်က ညီလာခံ ဆက်မတက်ဘဲ ထွက်ခွာသွားကြ သည်။ ညီလာခံသဘာပတိဦးရွှေရိုး နှင့် ဦးထွန်းခင်တို့က ညှိနှိုင်းကြပြီး စတုတ္ထအကြိမ်တွင် မြို့နယ်စုံဖြင့် ကျင်းပရန်ပြောကြားသည်။
ယခု မန္တလေးတိုင်းဒေသကြီး သတင်းစာဆရာအသင်းညီလာခံ တွင် အသင်းဝင် ၁၁ဝ ရှိရာ ၄၄ ဦးသာတက်ရောက်ပြီး ၁၉ ဦးက လေ့လာသူအဖြစ်ပါဝင်ခဲ့သည်။
ညီလာခံတွင် သဘာပတိ ဦးရွှေရိုးက အမှာစကားပြောကြား ပြီး ဦးမြင့်ငွေ(မြက်သစ်ခိုင်)က နှစ် ပတ်လည်အစီရင်ခံစာ တင်သွင်း သည်။ ဘဏ္ဍာရေးမှူးဦးအောင်မြင့် မြတ်(ရွှေမန်း)က ငွေစာရင်းရှင်း လင်း၍ မန္တလေးတိုင်းဒေသကြီး သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးဘဦးက ဂုဏ်ပြုစကားပြော ကြားသည်။