images

BREAKING NEWS

အုတ်ဖို၌ ယာဉ်တစ်စီးလမ်းချော်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုဖြစ်ပွား           တောင်ကျရေစီးဆင်းမှုကြောင့် နေအိမ်နှစ်လုံးမျောပါခဲ့သည့်အတွက် ထောက်ပံ့ပစ္စည်းနှင့် ထောက်ပံ့ငွေများပေးအပ်           ဇွန်လကမိုးသည်းထန်စွာရွာသွန်းမှုကြောင့်ရေကြီးနစ်မြုပ်လယ်မြေများအချိန်မီ ပြန်လည်စိုက်ပျိုးနိုင်ရေး မြို့နယ်စက်မှုလယ် ယာစခန်းထွန်ယက်ရေးအဖွဲ့ ဝက်လက်မြို့နယ်သို့ထွက်ခွာ           ရေဘေးဒဏ်ကြောင့် ပြည်ပခရီးစဉ်များအား ဂျပန်ဝန်ကြီးချုပ်ပယ်ဖျက် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို ဝန်ကြီးဌာနအားလုံးကူညီရန်အမိန့်ပေး           မုတ္တမဆေးရုံ ရေဝင်ရောက်မှုကြောင့် လူနာများ ဘေးလွတ်ရာအရေးပေါ်ပြောင်းရွှေ့
UN
UN
ထိုင်းနိုင်ငံအလယ်ပိုင်းရှိ ကြက်သားစက်ရုံ မီးလောင်မှုဖြစ်ပွား
မောင်စိန်ဝင်း Thursday, 12 July 2018
ထိုင်းနိုင်ငံ အလယ်ပိုင်းရှိ ကြက်သားနှင့်ပတ်သက်သည့် အစား အသောက်များ ထုတ်လုပ်သောစက်ရုံ၌ ယနေ့နံနက်ပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့နံနက်ဒေသစံတော်ချိန် ၁ဝနာရီဝန်းကျင်တွင် ထိုင်း နိုင်ငံ နခွန်ရပ်စီမာပြည်နယ် ကိုရတ်မြို့နယ်စက်မှုဇုန်ရှိ Van Guard Food (Thailand) ကုမ္ပဏီလီမိတက်မှ ကြက်သားနှင့်ပတ်သက်သည့် အစားအသောက်များထုတ်လုပ်သောစက်ရုံ၌ မီးဖိုဆောင်မှတစ်ဆင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်ရုံဝန်ထမ်းတချို့မှ မီးဖိုဆောင်အတွင်းရှိ ဓာတ်ငွေ့အိုးများအား စက်ရုံအတွင်းမှ အချိန်မီ သယ်ထုတ်နေရာ ပြောင်းရွှေ့နိုင်ခဲ့ခြင်းကြောင့် ပေါက်ကွဲမှုမဖြစ်ပွားခဲ့ ခြင်းဖြစ်ကာ မီးလောင်မှုကြောင့် ငွေဘတ်သန်း ၅ဝ ကျော် တန်ဖိုးရှိ ပစ္စည်းများ ပျက်ဆီးဆုံးရှုံးခဲ့ရကြောင်း ထိုင်းနိုင်ငံရှိ သတင်းဌာနများမှ ဖော်ပြချက်အရ သိရသည်။
အခင်းဖြစ် မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်များအပါအဝင် အခြားမြို့နယ်မီးသတ်စခန်းအသီး သီးမှ မီးငြှိမ်းသတ်ယာဉ်အစီး ၂ဝ ဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြရာ သုံးနာရီအကြာတွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး လက်ရှိ ခြောက်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ထိုင်းနိုင်ငံရှိ သတင်းဌာနများမှ ဖော်ပြချက်အရ သိရ သည်။