images
UN
UN
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ(တတိယအစည်းအဝေး) ဒုတိယနေ့ဆွေးနွေးပွဲများဆက်လက်ကျင်းပ
သာလှ(ပျဉ်းမနား) Thursday, 12 July 2018
ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစုပင်လုံ (တတိယ အစည်းအဝေး) ဒုတိယနေ့ဆွေးနွေး ပွဲများကို နေပြည်တော်(MICC-2) တွင် ယနေ့နံနက်ပိုင်းက ဆက် လက်ကျင်းပခဲ့သည်။
ယနေ့အစီအစဉ်၌ လူမှုရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လုံခြုံရေး ကဏ္ဍ၊ ကာကွယ်ရေးကဏ္ဍ၊မြေယာ နှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ ကဏ္ဍတစ်ခုချင်းစီကို အစုအဖွဲ့ငါး ဖွဲ့ခွဲ၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြ သည်။
ဆွေးနွေးပွဲ အစီအစဉ်များနှင့် ပတ်သက်၍ UPDJC အတွင်းရေး မှူးအဖွဲ့ဝင် ဦးခွန်မြင့်ထွန်းက ''ကျွန်တော်တို့က အခုဆွေးနွေး ကြတာကတော့ ညီလာခံအတွင်းမှ ဆွေးနွေးတဲ့ပုံစံ နှစ်မျိုးရှိတယ်။ တစ်ခုက အစုအဖွဲ့လိုက် ဆွေးနွေး တာဖြစ်ပြီး မနက်ဖြန်မှာတော့ ကဏ္ဍအလိုက် ဆွေးနွေးမှာဖြစ်ပါ တယ်။ အစုအဖွဲ့လိုက်ဆိုတာက ဒီ ညီလာခံကိုတက်ရောက်တဲ့ကိုယ်စား လှယ်တွေထဲမှာ ပါတီအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အစု အဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ လွှတ် တော်အစုအဖွဲ့၊ အစိုးရအစုအဖွဲ့၊ အစုအဖွဲ့ကြီး ငါးဖွဲ့ရဲ့ အစုအဖွဲ့ အစည်းအဝေးတွေဒီနေ့လုပ်တာပါ။ အဲဒီတော့ ကျန်တဲ့တိုင်းရင်းသား ကိုယ်စားလှယ်တွေရှိတယ်။ ပါဝင် သင့်ပါဝင်ထိုက်သူများ ကိုယ်စား လှယ်တွေရှိတယ်။ တိုင်းရင်းသား ကိုယ်စားလှယ်နဲ့ ပါဝင်သင့်ပါဝင် ထိုက်သူများ ကိုယ်စားလှယ်တွေ ကျတော့ မိမိတို့ကို ဖိတ်ကြားတဲ့ အစုအဖွဲ့မှာ ပါဝင်ပြီးတော့ဆွေးနွေး နေပါတယ်။ကျွန်တော်တို့တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ကဖိတ်ကြား တဲ့ တိုင်းရင်းသားကိုယ်စားလှယ်နဲ့ ပါဝင်သင့် ပါဝင်ထိုက်သူများ ကိုယ်စားလှယ်တွေက ကျွန်တော် တို့ အစုအဖွဲ့မှာ ပါဝင်ဆွေးနွေး သလို ကျန်တဲ့အစုအဖွဲ့တွေက ဖိတ်ကြားတဲ့ ကိုယ်စားလှယ်တွေ ကလည်း ဖိတ်ကြားတဲ့ အစုအဖွဲ့ အသီးသီးမှာ ပါဝင်ဆွေးနွေးနေပါ တယ်။ ဒါကြောင့်မို့လို့ ဒီနေ့လုပ်တဲ့ ဆွေးနွေးပွဲပုံစံကတော့ အစုအဖွဲ့ အလိုက် အစုအဖွဲ့ကြီးငါးဖွဲ့က ဆွေးနွေးနေကြတာ ဖြစ်ပါတယ်။ မနက်ဖြန်ကျရင်တော့ကဏ္ဍအလိုက် ဆွေးနွေးမှာဖြစ်ပါတယ်။ မနက်ဖြန် ဆွေးနွေးမဲ့ပုံစံက ဥပမာပြောရရင် နိုင်ငံရေးကဏ္ဍအချက်လေးချက်ဆို ရင် နိုင်ငံရေးကဏ္ဍ အစည်းအဝေး ခန်းလုပ်မယ်။ အဲ့နိုင်ငံရေးကဏ္ဍမှာ အစုအဖွဲ့ကြီး ငါးဖွဲ့က ကိုယ်စား လှယ်တွေကဝင်ပြီးတော့မှဆွေးနွေး ကြမှာဖြစ်ပါတယ်''ဟု ပြောကြား ခဲ့သည်။
နေ့အလိုက် အစုအဖွဲ့များ ဆွေးနွေးချက်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲများလည်းပြု လုပ်ပေးသွားမည်ဖြစ်ကြောင်း သိရ သည်။