images

BREAKING NEWS

ထူးကဲဒီရေနှင့်ပင်လယ်ရေလှိုင်းရိုက်ခတ်မှုများကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိစားသောက်ဆိုင်များ ပြိုလဲပျက်စီး           ထန်းတပင်မြို့နယ်၌ ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းကို ထပ်မံ၍ယာယီပိတ်ထား           ထူးကဲဒီရေပြန်လည်ကျဆင်းသွား၍ ရွှံ့နွံများတင်ကျန်နေသည့်ကျောင်းဝင်း၌ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်           ပင်လယ်ဒီရေမြင့်တက်လာ၍ လယ်သမားတာကျိုးပြတ် ရေဝင်ရောက်မှုကူညီပေးနိုင်ရေး ကြည့်ရှုဆောင်ရွက်           ပဲခူးမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် သန်လျင်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိနေအိမ်များအတွင်း ရေများဝင်ရောက်
UN
UN
ဗဟိုအလုပ်အမှုဆောင်တောင်သူလယ်သမားရေးရာတာဝန်ခံဦးအောင်တင်မြင့် တပ်ရင်းတပ်ဖွဲ့မိသားစုများအား အာဟာရလှူဒါန်း
USA Saturday, 14 July 2018
နေပြည်တော် ဇေယျာသီရိမြို့နယ် အမှတ်(၃ဝ၃) ခြေမြန်တပ်ရင်းမှ အရာရှိ/စစ်သည်များ၊ အိမ်ထောင် သည်မိသားစုများသည် ယနေ့နံနက်ပိုင်းတွင်မျက်နှာစာ လမ်းတစ်လျှောက်ရှိ ရတနာတန်းဝင်စိုက်ခင်းများအား အပင်ပြုစုစောင့်ရှောက်ခြင်း၊ တပ်နှင့်လမ်းနယ်နိမိတ် ကြားရှိပေါင်းမြက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများကို စုပေါင်းလုပ်အားပေး ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်အားပေးတပ်နယ်မိသားစုများအား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် တောင်သူ လယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့်နှင့် နိုင်ငံရေး စီမံ ခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၅)သင်တန်း တက်ရောက်လျက်ရှိသည့် ဟင်္သာတခရိုင်ပါတီဥက္ကဋ္ဌဦးညွန့်လှိုင်တို့သည် ရင်းရင်းနှီးနှီးတွေ့ ဆုံအားပေးပြီး မုန့်၊ အာဟာရစားသောက်ဖွယ်ရာများ၊ စာစောင် များပေးအပ်လှူဒါန်းခဲ့သည်။
ဗဟိုအလုပ်အမှုဆောင်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် လှေခွင်း တောင်တန်ခိုးကြီးဘုရားသို့ရောက်ရှိပြီး လှေခွင်းတောင်တန်ခိုးကြီး ကျောင်းဆရာတော်ဘဒ္ဒန္တဂန္ဓသီရိထံ လှူဖွယ်ပစ္စည်းများ ဆက် ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။