images

BREAKING NEWS

ထူးကဲဒီရေနှင့်ပင်လယ်ရေလှိုင်းရိုက်ခတ်မှုများကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိစားသောက်ဆိုင်များ ပြိုလဲပျက်စီး           ထန်းတပင်မြို့နယ်၌ ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းကို ထပ်မံ၍ယာယီပိတ်ထား           ထူးကဲဒီရေပြန်လည်ကျဆင်းသွား၍ ရွှံ့နွံများတင်ကျန်နေသည့်ကျောင်းဝင်း၌ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်           ပင်လယ်ဒီရေမြင့်တက်လာ၍ လယ်သမားတာကျိုးပြတ် ရေဝင်ရောက်မှုကူညီပေးနိုင်ရေး ကြည့်ရှုဆောင်ရွက်           ပဲခူးမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် သန်လျင်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိနေအိမ်များအတွင်း ရေများဝင်ရောက်
UN
UN
ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့်ဖားဆောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီတွေ့ဆုံ
မမောင်(ချိကယ်သူ) Saturday, 14 July 2018
ကယားပြည်နယ်ဘောလခဲခရိုင် ဖားဆောင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁ဝ နာရီ မိနစ် ၅ဝ တွင် ကယား ပြည်နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ဖား ဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တွေ့ဆုံကာ ပါတီလုပ်ငန်းကိစ္စရပ် များ၊ လုပ်ဆောင်ခဲ့သည့်လုပ်ငန်း များ၊ ရှေ့ဆက်လက်လုပ်ဆောင်ရ မည့်ပါတီလုပ်ငန်းများအသေးစိတ် ဆွေးနွေးခဲ့ကြသည်။
ပထမဦးစွာ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပြည်နယ် ပါတီဥက္ကဋ္ဌဦးပိုးရယ်အောင်သိန်းက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော် မတီဝင်များဖြစ်ကြသော ဦးကျော် သင်း၊ ဦးရဲဝင်းနှင့်ပြည်နယ်ယာယီ အတွင်းရေးမှူးဦးကျော်မြင့်တို့က အသီးသီးဆွေးနွေးပြောကြားသွားသည်။
ထို့နောက် ဖားဆောင်းမြို့နယ် ကော်မတီဝင်များ၊ ရပ်/ကျေးပါတီ ဥက္ကဋ္ဌနှင့် အဖွဲ့အသီးသီးတို့က ဆွေးနွေးတင်ပြပြီး ပြည်နယ်ပါတီမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသွားသည်။
ဆက်လက်ပြီး ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ကယား ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးပိုးရယ်အောင်သိန်းမှ နိဂုံးချုပ်အမှာစကား ပြောကြားသည်။
အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ကယားပြည်နယ်ပါတီဥက္ကဋ္ဌဦးပိုးရယ်အောင်သိန်း၊ ပြည်နယ်ယာယီ အတွင်းရေးမှူးဦးကျော်မြင့်၊ ပြည်နယ်ကော်မတီဝင်ပြည်နယ် လွှတ် တော်ကိုယ်စားလှယ်ဦးအေးရွှေ၊ ပြည်နယ်ကော်မတီဝင်များဖြစ်ကြ သော ဦးရဲဝင်း၊ ဦးကျော်သင်း၊ ဦးအောင်နိုင်ဦး၊ ဒေါ်ဗျားမြာ မောင်၊ ဒေါ်နန်းယဉ်သီတာထွေး(ဖားဆောင်းမြို့နယ်တာဝန်ခံ) ဘော လခဲခရိုင်ကော်မတီဝင် ဦးလှမောင်၊ လွိုင်ကော်မြို့နယ် ကော်မတီဝင် များဖြစ်ကြသော ဦးလင်းမြတ်ဦးနှင့် ဦးမင်းဇော်ဦး၊ မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးခင်မောင်ညို၊ အတွင်းရေးမှူး ဒေါ်ခင်နှင်း ယဉ်နှင့်ကော်မတီဝင်များ၊ ရပ်/ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီဝင် လူငယ်များစုစုပေါင်း အင်အား ၄ဝကျော်တက်ရောက်ခဲ့ကြပြီး နံနက် ၁၂ နာရီခွဲတွင် တွေ့ဆုံပွဲပြီးမြောက်ကြောင်းသိရသည်။