images

BREAKING NEWS

ထူးကဲဒီရေနှင့်ပင်လယ်ရေလှိုင်းရိုက်ခတ်မှုများကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိစားသောက်ဆိုင်များ ပြိုလဲပျက်စီး           ထန်းတပင်မြို့နယ်၌ ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းကို ထပ်မံ၍ယာယီပိတ်ထား           ထူးကဲဒီရေပြန်လည်ကျဆင်းသွား၍ ရွှံ့နွံများတင်ကျန်နေသည့်ကျောင်းဝင်း၌ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်           ပင်လယ်ဒီရေမြင့်တက်လာ၍ လယ်သမားတာကျိုးပြတ် ရေဝင်ရောက်မှုကူညီပေးနိုင်ရေး ကြည့်ရှုဆောင်ရွက်           ပဲခူးမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် သန်လျင်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိနေအိမ်များအတွင်း ရေများဝင်ရောက်
UN
UN
ရန်ကုန်အရှေ့ ခြမ်း ငလျင်အန္တရာယ် များပြားသည့်ဇုန်အတွင်းကျရောက်နေဟုဆို
သုခ Saturday, 14 July 2018
ငလျင်အန္တရာယ်ဖြစ်ပွားစေနိုင် သော ဇုန်များကိုရေးဆွဲထားရာ တွင် ရန်ကုန်အရှေ့ခြမ်းအနေဖြင့် အန္တရာယ်များသော ဇုန်ထဲကို ကျ ရောက်နေကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောသည်။
''အတိတ်ကာလတွေက လှုပ် ခဲ့တဲ့ငလျင်တွေ၊ ငလျင်လှုပ်နိုင်တဲ့ ပြတ်ရွေ့ရဲ့အလျားတွေ၊ ပြင်ညီ မျက်နှာပြင်အနေအထားက ဘယ် ဘက်ကိုစောင်းနေသလဲ၊နောက်ထပ် ဘယ်လောက်နှုန်းနဲ့ လှုပ်နိုင်သလဲ။ မြေအမျိုးအစားတွေ၊ အောက်ခံ ကျောက်အမာအပျော့တွေအပေါ်မှာ လည်းမူတည်တွက်ချက်ပြီးတော့လုပ် ဆောင်ကြရတာဖြစ်ပါတယ်'' ဟု ၄င်းကပြောသည်။

လွန်ခဲ့တဲ့ကာလများတွင် လှုပ်ခဲ့ဖူးသော ငလျင်များကို လေ့ လာတွက်ချက် လုပ်ဆောင်ကာ ၄၇၅ နှစ်အတွင်း အမြင့်ဆုံးဖြစ်နိုင် သော အခြေအနေများနှင့် ၂၄၇၅ နှစ်အတွင်း ဖြစ်ပွားနိုင်သော မြေ ငလျင်အခြေအနေများကို အကြမ်း ဖျင်းခန့်မှန်းပြီး မြေပုံရေးဆွဲထား တာဖြစ်ကြောင်းသိရသည်။
''ရန်ကုန်ကို သက်ရောက် နိုင်တဲ့ အခြေအနေတွေနဲ့ဆိုရင် စစ်ကိုင်းပြတ်ရွေ့ရဲ့ တောင်ဘက် အခြမ်းမှာ ရှိနေတာရယ်၊ အခု နောက်ပိုင်းလှုပ်တာက ပဲခူးရိုးမ ပြတ်ရွေ့က ရန်ကုန်မြို့ရဲ့ မြောက် ဘက်နား ရောက်လာတယ်။ ရန်ကုန်အနောက်ဘက်မှာလည်း ပြတ်ရွေ့တွေရှိလာတယ်။ ရန်ကုန် မြို့ရဲ့နေရာဟာ ပြတ်ရွေ့တွေရှိနိုင် သလားဆိုတာ ဆက်လုပ်ရဦး မယ်''ဟု ၄င်းကထပ်မံပြော သည်။
ယခုလတ်တလောတွင် မြေ ငလျင်နှင့်ပတ်သက်၍ မည်သည့် အချိန်လှုပ်မည်ကို အတိအကျ မခန့်မှန်းနိုင်သေးသည့်အတွက် ပညာပေးမှုများကို လုပ်ဆောင်နေ ပြီး လိုအပ်သောကြိုတင်ပြင်ဆင်မှု အစီအစဉ်များအတွက် ညှိနှိုင်း ဆွေးနွေးနေကြကြောင်းသိရသည်။
ယခု ၂ဝ၁၈ခုနှစ်အတွင်း ဇန်န ဝါရီလမှ ဇွန်လကုန်အထိ ပြင်းအား ရစ်ခ်ျတာစကေး ၃ ဒသမ သုည အထက်ရှိသော ငလျင်ပေါင်း အကြိမ် ၁ဝဝ ကျော်လှုပ်ခဲ့ကြောင်း ၄င်း၏ပြောကြားချက်အရ သိရ သည်။