images

BREAKING NEWS

ထူးကဲဒီရေနှင့်ပင်လယ်ရေလှိုင်းရိုက်ခတ်မှုများကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိစားသောက်ဆိုင်များ ပြိုလဲပျက်စီး           ထန်းတပင်မြို့နယ်၌ ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းကို ထပ်မံ၍ယာယီပိတ်ထား           ထူးကဲဒီရေပြန်လည်ကျဆင်းသွား၍ ရွှံ့နွံများတင်ကျန်နေသည့်ကျောင်းဝင်း၌ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်           ပင်လယ်ဒီရေမြင့်တက်လာ၍ လယ်သမားတာကျိုးပြတ် ရေဝင်ရောက်မှုကူညီပေးနိုင်ရေး ကြည့်ရှုဆောင်ရွက်           ပဲခူးမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် သန်လျင်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိနေအိမ်များအတွင်း ရေများဝင်ရောက်
UN
UN
ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဧရာဝတီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ အတွင်းရေးမှူး တိုင်းကော်မတီဝင်များနှင့်တွေ့ဆုံ
KA Saturday, 14 July 2018
ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးပါတီရုံးတွင် ယနေ့မွန်းလွဲ ၁၂နာရီခွဲတွင် ပါတီဗဟို အတွင်းရေးမှူး ဦးသန်းထွန်းနှင့် ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဉာဏ်လင်း၊ တိုင်းအတွင်းရေးမှူး၊ တိုင်းကော်မတီဝင် များနှင့်တွေ့ဆုံခဲ့သည်။
တွေ့ဆုံဆွေးနွေးရာတွင် တိုင်း ဒေသကြီး၊ ခရိုင်၊ မြို့နယ်များ၏ ပါတီစည်းရုံးရေးနှင့် ပါတီဝင်အင် အား စိစစ်ဆောင်ရွက်ထားရှိမှုများ၊ ပါတီတွင်း စည်းလုံးညီညွတ်ရေး အတွက် ဆောင်ရွက်ထားရှိမှုများ၊ လာမည့်၂ဝ၂ဝရွေးကောက်ပွဲအောင် နိုင်ရေးအတွက် ဆောင်ရွက်ထားရှိ မှုများ၊ ကဏ္ဍရေးရာများအလိုက် လှုပ်ရှားဆောင်ရွက်နေမှုများကိုအသီး သီးတင်ပြခဲ့ကြသည်။
ထိုသို့တင်ပြချက်များအပေါ် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်း ထွန်းက ပါတီအတွင်း ဆောင်ရွက် ထားရှိမှုများ၊ ကဏ္ဍရေးရာအလိုက် ဆောင်ရွက်ထားရှိမှုများ၊ ၂ဝ၂ဝ အောင်နိုင်ရေးအတွက် ဆောင်ရွက် ထားရှိမှုများကို ပြန်လည်ဆွေးနွေး ခြင်းများနှင့် ပါတီ၏ ရှေ့လုပ်ငန်း စဉ်များကို ချပြဆွေးနွေးခြင်း ပြု လုပ်ခဲ့ပြီး အစည်းအဝေးကို ညနေ ၅နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။