images

BREAKING NEWS

ထူးကဲဒီရေနှင့်ပင်လယ်ရေလှိုင်းရိုက်ခတ်မှုများကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိစားသောက်ဆိုင်များ ပြိုလဲပျက်စီး           ထန်းတပင်မြို့နယ်၌ ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းကို ထပ်မံ၍ယာယီပိတ်ထား           ထူးကဲဒီရေပြန်လည်ကျဆင်းသွား၍ ရွှံ့နွံများတင်ကျန်နေသည့်ကျောင်းဝင်း၌ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်           ပင်လယ်ဒီရေမြင့်တက်လာ၍ လယ်သမားတာကျိုးပြတ် ရေဝင်ရောက်မှုကူညီပေးနိုင်ရေး ကြည့်ရှုဆောင်ရွက်           ပဲခူးမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် သန်လျင်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိနေအိမ်များအတွင်း ရေများဝင်ရောက်
UN
UN
ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ (၄၉)ကြိမ်မြောက် ဒါနဥပပါရမီ သွေးလှူဒါန်း
Saturday, 14 July 2018
ရန်ကုန်တိုင်းဒေသကြီးပြည်ခိုင် ဖြိုးပါတီမှ (၄၉)ကြိမ်မြောက် ဒါန ဥပပါရမီသွေးလှူဒါန်းပွဲ အခမ်း အနားကို ယနေ့ နံနက် ၁၁ နာရီက ရန်ကုန် အမျိုးသားသွေးလှူဘဏ် တွင် ကျင်းပခဲ့သည်။
အဆိုပါသွေးလှူဒါန်းပွဲ အခမ်း အနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုကော်မတီ ဝင် ဦးတင်မောင်ဝင်း၊ ဦးတင်လှိုင်၊ ဦးတင်ဝင်းနှင့်ခရိုင်ပါတီကော်မတီ ဝင်များ၊ ရန်ကုန်မြောက်ပိုင်းခရိုင်မှ မြို့နယ် ဥက္ကဋ္ဌများနှင့် မြို့နယ်ပါတီ ကော်မတီဝင်များသွေးလှူဒါန်းမည့် ပါတီဝင်အင်အား ၂ဝဝ ကျော် တက်ရောက်သည်။
အစီအစဉ်အရ ပါတီဗဟိုကော် မတီဝင် ဦးတင်မောင်ဝင်းက အမှာ စကားပြောကြားရာတွင် ပြည်ခိုင် ဖြိုးပါတီဝင်များသည် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင်ရွက် ရာတွင် ယခုသွေးလှူဒါန်းခြင်း မှာ တစ်ခုအပါအဝင်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတွင်လည်းအလင်း ရောင်ဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ စာသင်ဆောင်များ ဆောက်လုပ် လှူဒါန်းခြင်း၊ သောက်ရေသန့်ရရှိ ရေးအတွက် ရေသန့်စက်များ လှူဒါန်းခြင်း ဖြိုးစေတနာအခမဲ့ ဆေးကုသရေး အဖွဲ့များမှကျန်းမာ ရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခု ကဲ့သို့ သွေးလှူဒါန်းပွဲဖြစ်မြောက် အောင် ပါဝင်လှူဒါန်းသည့် ပါတီ ဝင်များနှင့် ဝိုင်းဝန်းဆောင်ရွက်ပေး ကြသည့် ပုဂ္ဂိုလ်များအားလုံးကို ကျေးဇူးတင်ရှိကြောင်း ပြောကြား သည်။
ထို့နောက် အမျိုးသားသွေးလှူ ဌာနမှ တာဝန်ခံဆရာဝန်ဒေါက်တာ ထိန်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးသွေးလှူဒါန်း နေသည့် ပါတီဝင်များအား လှည့် လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရ သည်။ ထိန်ဝင်း(YGN)