images

BREAKING NEWS

ထူးကဲဒီရေနှင့်ပင်လယ်ရေလှိုင်းရိုက်ခတ်မှုများကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိစားသောက်ဆိုင်များ ပြိုလဲပျက်စီး           ထန်းတပင်မြို့နယ်၌ ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းကို ထပ်မံ၍ယာယီပိတ်ထား           ထူးကဲဒီရေပြန်လည်ကျဆင်းသွား၍ ရွှံ့နွံများတင်ကျန်နေသည့်ကျောင်းဝင်း၌ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်           ပင်လယ်ဒီရေမြင့်တက်လာ၍ လယ်သမားတာကျိုးပြတ် ရေဝင်ရောက်မှုကူညီပေးနိုင်ရေး ကြည့်ရှုဆောင်ရွက်           ပဲခူးမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် သန်လျင်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိနေအိမ်များအတွင်း ရေများဝင်ရောက်
UN
UN
မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ NCA လက်မှတ်ထိုးရန် ဆက်လက်ဆွေးနွေးမည်
Monday, 16 July 2018
မြောက်ပိုင်းလက်နက်ကိုင် မဟာမိတ်အဖွဲ့ဝင်များ ဖြစ်သည့် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ တအာင်း ပလောင်တပ်ဖွဲ(TNLA)နှင့် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့(AA)အပါအဝင် အဖွဲ့သုံးဖွဲ့မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်(NCA) လက်မှတ်ထိုးရန် ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန် ကြားရေးမှူးချုပ်က ပြောကြားခဲ့ကြောင်း သိရသည်။
ဆ ကျောဖုံး-မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ မှ
ဇွန်လ ၁၅ ရက်က နေပြည်တော်၌ကျင်းပခဲ့သည့် ပြည်ထောင် စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ် အစည်းအဝေး ပဉ္စမမြောက်နေ့ UPDJC အစည်း အဝေးအပြီး သတင်းစာရှင်းလင်းပွဲ တွင်ယင်းကဲ့သို့ပြောကြားခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် အခြားအဖွဲ့များလည်း တွေ့ရကြောင်း ယခင်က မြောက် ပိုင်းသုံးဖွဲ့ဖြစ်သည့် AA, TNLA, MNDAA တို့အား လက်မှတ် ထိုးရန်မပြောခဲ့ကာ ယခုပြော လိုက်ပြီဖြစ်ကြောင်း ထို့အပြင် ''ဝ''ကြေညာချက်တွင်ပါရှိ သည့် အတိုင်း အဆိုပါအဖွဲ့သုံးဖွဲ့အား (NCA )ထိုးရန် တိုက်တွန်းပါဆို သည်မှာပါဝင်ပြီး ၄င်းတို့ သယ် ဆောင်သွားသည့်အထဲတွင် စဉ်း စားစရာအများကြီး ပါမည်ဖြစ်ကာ မိမိတို့အနေဖြင့် ယင်းညီလာခံပြီး ပါက မြောက်ပိုင်းခုနစ်ဖွဲ့အား တွေ့ ရန် ရက်ပိုင်းအတွင်းစမည်ဖြစ်ကာ အားရကျေနပ်မှုရှိပါကြောင်း ၄င်း ကပြောကြားသည် လက်ရှိကျင်းပ နေသည့် ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ တတိယအကြိမ် အစည်းအဝေးအား မြောက်ပိုင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့လုံးတက်ရောက်ခဲ့ကာ AA, TNLA, MNDAA လက်နက်ကိုင် သုံးဖွဲ့မှာ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြင့် တွေ့ဆုံခွင့်ရခဲ့သော် လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံခွင့်မရခဲ့ဘဲ ဒုတိယကာကွယ်ရေးဦးစီးချုပ် ဖြင့်သာ တွေ့ဆုံခွင့်ရရှိခဲ့ကြောင်း သိရသည်။ မြောက်ပိုင်း၏ ငြိမ်း ချမ်းရေးအတွက် တပ်မတော်အနေ ဖြင့် လက်တွေ့အခြေအနေအား ရှုမြင်ပြီး တိုင်းရင်းသားအဖွဲ့သုံးဖွဲ့ အား ငြိမ်းချမ်းရေးဖြစ်စဉ်၌ ပါဝင် စေနိုင်ရန် တိုက်တွန်းထားခဲ့ ကြောင်း သိရသည်။