images

BREAKING NEWS

ထူးကဲဒီရေနှင့်ပင်လယ်ရေလှိုင်းရိုက်ခတ်မှုများကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိစားသောက်ဆိုင်များ ပြိုလဲပျက်စီး           ထန်းတပင်မြို့နယ်၌ ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းကို ထပ်မံ၍ယာယီပိတ်ထား           ထူးကဲဒီရေပြန်လည်ကျဆင်းသွား၍ ရွှံ့နွံများတင်ကျန်နေသည့်ကျောင်းဝင်း၌ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်           ပင်လယ်ဒီရေမြင့်တက်လာ၍ လယ်သမားတာကျိုးပြတ် ရေဝင်ရောက်မှုကူညီပေးနိုင်ရေး ကြည့်ရှုဆောင်ရွက်           ပဲခူးမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် သန်လျင်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိနေအိမ်များအတွင်း ရေများဝင်ရောက်
UN
UN
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏အထူးအကြံပေးပုဂ္ဂိုလ်အားလက်ခံတွေ့ဆုံ
ရဲရင့် Monday, 16 July 2018
တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ဂျပန်နိုင်ငံဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် H.E. Mr. Hiroto IZUMI အား ယနေ့မွန်းလွဲ ပိုင်းတွင်နေပြည်တော်ရှိဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်
တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီးဂျပန်နိုင်ငံဝန်ကြီး ချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ichiro နှင့်တာဝန်ရှိသူများ တက်ရောက် ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ နိုင်ငံအနေဖြင့်ပြည်သူများမှရွေးချယ် သည့် ပါတီစုံဒီမိုကရေစီ လမ်း ကြောင်းပေါ် လျှောက်လှမ်းနေမှု အခြေအနေများ၊ ပြည်တွင်းငြိမ်း ချမ်းရေးရရှိရန်အတွက် အစိုးရနှင့် တပ်မတော်မှဆောင်ရွက်နေမှုအခြေ အနေများ၊ ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ(၂၁)ရာစုပင်လုံတတိယ အစည်းအဝေးဆောင်ရွက်နေမှုအခြေ အနေများ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ပြဿနာများအား အစိုးရနှင့်တပ်မတော်မှဖြေရှင်းဆောင် ရွက်နေမှုများနှင့် ဂျပန်နိုင်ငံမှကူညီ ဆောင်ရွက်ပေးမှုအခြေအနေများ၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ဆက်ဆံမှုတိုးမြှင့်ရေးနှင့်လူ့စွမ်းအား အရင်းအမြစ်မြှင့်တင်မှုလုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စ ရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြ သည်။
တွေ့ဆုံပွဲအပြီးတွင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏ အထူးအကြံပေး ပုဂ္ဂိုလ်တို့သည် အမှတ်တရလက် ဆောင်ပစ္စည်းများ အပြန်အလှန်ပေး အပ်ကြပြီး စုပေါင်းဓာတ်ပုံရိုက်ခဲ့ ကြကြောင်း သိရသည်။