images

BREAKING NEWS

ထူးကဲဒီရေနှင့်ပင်လယ်ရေလှိုင်းရိုက်ခတ်မှုများကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိစားသောက်ဆိုင်များ ပြိုလဲပျက်စီး           ထန်းတပင်မြို့နယ်၌ ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းကို ထပ်မံ၍ယာယီပိတ်ထား           ထူးကဲဒီရေပြန်လည်ကျဆင်းသွား၍ ရွှံ့နွံများတင်ကျန်နေသည့်ကျောင်းဝင်း၌ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်           ပင်လယ်ဒီရေမြင့်တက်လာ၍ လယ်သမားတာကျိုးပြတ် ရေဝင်ရောက်မှုကူညီပေးနိုင်ရေး ကြည့်ရှုဆောင်ရွက်           ပဲခူးမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် သန်လျင်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိနေအိမ်များအတွင်း ရေများဝင်ရောက်
UN
UN
မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုမှာ နှုန်းအားဖြင့်တက်နေသည်ဟု စီမံဘဏ္ဍာဒုဝန်ကြီးပြောကြား
တင်တင်အေး Thursday, 26 July 2018
မြန်မာနိုင်ငံ၏လက်ရှိ စီးပွား ရေးတိုးတက်မှုနှုန်းမှာ နှုန်းအားဖြင့် တက်နေသည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးက ယနေ့ ပြောကြားလိုက် သည်။
ယနေ့နံနက်ပိုင်းက နေပြည် တော်ရှိ လွှတ်တော်အဆောက်အအုံ တွင်ကျင်းပသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်နဝမပုံမှန် အစည်းအဝေးဒုတိယနေ့ အစီအစဉ် တွင်၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ်အမျိုး သားစီမံကိန်းဥပဒေကြမ်းပါစီမံကိန်း လုပ်ငန်းများနှင့် ပြည်ထောင်စု၏ ဘဏ္ဍာငွေ ရသုံးဆိုင်ရာ ဥပဒေ ကြမ်းပါ ရငွေသုံးငွေများနှင့် စပ် လျဉ်း၍ နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာနမှဒုတိယဝန်ကြီးကလာရောက် ရှင်းလင်းတင်ပြအပြီးတွင် သတင်း ထောက်များက တွေ့ဆုံမေးမြန်း ရာ၌ အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဒုတိယ ဝန်ကြီးက''စီးပွားရေးတိုးတက်မှု နှုန်းကတော့ နှုန်းအားဖြင့်တက်နေ တယ်။ ဒါပေမဲ့ ပြင်ပမှာစီးပွားရေး လည်ပတ်နေတဲ့အပေါ်မှာတော့ လည်ပတ်နေတဲ့နေရာမှာ အထစ် အငေါ့တွေရှိနေတဲ့အတွက်ကြောင့် ကျပ်တယ်လို့ပြောနေကြတာပါ'' ဟု ပြောသည်။
မြန်မာ့စီးပွားရေး အကျပ် အတည်းဖြစ်ပွားနေကြောင်းသတင်း များထွက်ပေါ်နေသည့်အပေါ် စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက''ဝန်ကြီးဌာနရယ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရယ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနရယ်။ ဒါတွေက ပုံမှန်တွေ့ဆုံမှုတွေ လုပ်ပြီးတော့ ဘာကြောင့်ဖြစ်ရတယ်။ ဖြေရှင်း နိုင်မယ့် နည်းလမ်း၊ အခြား ပြည်ပ အခြေအနေ၊ ပြည်တွင်းအခြေအနေ အဲဒါတွေကိုမပြတ်လေ့လာသုံးသပ် ပြီးတော့ အခြားသော ဝန်ကြီးဌာန များနှင့်လည်း ပေါင်းစပ်ပြီးတော့ နောက်UM- FCCI တို့နဲ့လည်း ပေါင်းစပ်ပြီးတော့ အမြဲတမ်းလုပ် နေပါတယ်''ဟု ပြန်လည်ဖြေကြား ခဲ့သည်။
ထို့အပြင် ဒုတိယဝန်ကြီးက ''မြန်မာ့ စီးပွားရေးနဲ့ပတ်သက်လို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းဆိုတာ ရှိတယ်။ အဲဒီနှုန်း(အင်ဒီကေတာ)နဲ့ တိုင်းရတာပဲလေ။ ပြီးခဲ့တဲ့နှစ်က စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၆ ဒသမ ၈ ကျွန်တော်တို့ ၁၇-၁၈ ကုန်တဲ့အချိန်မှာ ရခဲ့တယ်''ဟု လည်း ထပ်လောင်းပြောကြားခဲ့ သည်။