images

BREAKING NEWS

ထူးကဲဒီရေနှင့်ပင်လယ်ရေလှိုင်းရိုက်ခတ်မှုများကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိစားသောက်ဆိုင်များ ပြိုလဲပျက်စီး           ထန်းတပင်မြို့နယ်၌ ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းကို ထပ်မံ၍ယာယီပိတ်ထား           ထူးကဲဒီရေပြန်လည်ကျဆင်းသွား၍ ရွှံ့နွံများတင်ကျန်နေသည့်ကျောင်းဝင်း၌ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်           ပင်လယ်ဒီရေမြင့်တက်လာ၍ လယ်သမားတာကျိုးပြတ် ရေဝင်ရောက်မှုကူညီပေးနိုင်ရေး ကြည့်ရှုဆောင်ရွက်           ပဲခူးမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် သန်လျင်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိနေအိမ်များအတွင်း ရေများဝင်ရောက်
UN
UN
မွန်ပြည်နယ်တွင် ဆားကြမ်းဈေး စံချိန်တင်မြင့်တက်
Dawei Watch Thursday, 26 July 2018
မွန်ပြည်နယ်တွင် လက်ကျန် ဆားကြမ်းနည်းသည့်အတွက် ဆား ကြမ်းဈေး တစ်ပိဿာပေါက်ဈေး ကျပ် ၂၃ဝထိစံချိန်တင် မြင့်တက် နေသည်ဟု ပြည်နယ်အတွင်းရှိ ဆားရောင်းဝယ်သူများနှင့်ဆားလုပ် ငန်းရှင်များထံမှ သိရသည်။
ဆားရာသီတွင် ဆားအထွက် နည်းပါးခဲ့ခြင်းနှင့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှု ကြောင့် ဆားပျက်စီးမှုရှိခဲ့ရာ လက် ကျန်ဆားကြမ်း နည်းပါးသွားသည့် အတွက် ယင်းသို့ မြင့်တက်သွား ခြင်းဖြစ်သည်ဟု ဆားလုပ်ငန်းရှင် များက ပြောသည်။
''အရောင်းအဝယ်ကတော့ အေးနေတယ်။ ရေကြီးတဲ့အချိန်က ဆို တစ်ပိဿာကျပ် ၁၅ဝ/၁၆ဝ အဲဒီလောက်ပဲရှိတယ်။ ရေကြီးပြီး နောက်ပိုင်း ဈေးတက်လာတယ်။ လက်ကျန် ဆားနည်းသွားလို့ ဈေး တက်တာပါ''ဟု ဆားလုပ်ငန်းရှင် ဦးဝင်းချိုက ပြောသည်။
လက်ကျန်ဆားနည်းပါးနေသည့် အနေအထားအရ ဆားကြမ်းအသစ် မထွက်ခင်အထိ ဆားဈေးဆက် တက်ဖွယ်ရှိကြောင်း ဦးဝင်းချိုက ခန့်မှန်းသည်။
မွန်ပြည်နယ်တွင် ယခင်က ဆားကြမ်းဈေးနှုန်းအမြင့်ဆုံးအဖြစ် တစ်ပိဿာကျပ် ၂ဝဝ ထိသာ မြင့် တက်ခဲ့ဖူးကြောင်း ဆားလုပ်ငန်းရှင် တို့က ပြောသည်။
ဇွန်လ ၁၇ ရက်က မိုးသည်း ထန်စွာ ရွာသွန်းခဲ့သောကြောင့် ပြည်နယ်အတွင်းဆားကြမ်းအများ ဆုံး ထုတ်လုပ်သည့် သံဖြူဇရပ်မြို့ နယ်တွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ သည့်အတွက် ဆားကြမ်းသိုလှောင် ထားသည့် ဂိုဒေါင် ၁၉ လုံးမှ ဆား ကြမ်းပိဿာချိန် ငွေကျပ် ၂၆ သိန်း ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။
ဆားထုတ်လုပ်ရာသီတုန်းက လည်း မွန်ပြည်နယ်အတွင်း၌ ဆား လုပ်တောင်သူ ၇ဝတို့မှ ဆားကွင်း ဧကပေါင်း၂၈၃၉တို့တွင်ဆားကြမ်း ထုတ်လုပ်ခဲ့ပြီးလျာထားသည့် ဆား ကြမ်းပမာဏ၏ရာခိုင်နှုန်း ၈ဝ ခန့် သာထုတ်လုပ်နိုင်ခဲ့သည်ဟု သတ္တု တွင်းဝန်ကြီးဌာန မြန်မာ့ဆားနှင့် အဏ္ဏဝါဓာတုဗေဒပစ္စည်းထုတ်လုပ် ရောင်းဝယ်ရေးလုပ်ငန်း (မွန်ပြည် နယ်)ရုံးမှ သိရသည်။
မွန်ပြည်နယ်တွင်သံဖြူဇရပ်မြို့နယ် ရှိပငရွာ၊ ကရုပ္ပိရွာ၊ကျိုက္ခမီမြို့နှင့် စက်စဲ၊ပေါင်မြို့နယ်ထန်းပင်ချောင်းရွာ နှင့် ရေးမြို့နယ်ပလိုင်ကီးကျေးရွာ တို့သည်နေလှန်းဆား အများအပြား ထုတ်လုပ်ရာဒေသဖြစ်သည်။