images

BREAKING NEWS

ထူးကဲဒီရေနှင့်ပင်လယ်ရေလှိုင်းရိုက်ခတ်မှုများကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိစားသောက်ဆိုင်များ ပြိုလဲပျက်စီး           ထန်းတပင်မြို့နယ်၌ ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းကို ထပ်မံ၍ယာယီပိတ်ထား           ထူးကဲဒီရေပြန်လည်ကျဆင်းသွား၍ ရွှံ့နွံများတင်ကျန်နေသည့်ကျောင်းဝင်း၌ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်           ပင်လယ်ဒီရေမြင့်တက်လာ၍ လယ်သမားတာကျိုးပြတ် ရေဝင်ရောက်မှုကူညီပေးနိုင်ရေး ကြည့်ရှုဆောင်ရွက်           ပဲခူးမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် သန်လျင်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိနေအိမ်များအတွင်း ရေများဝင်ရောက်
UN
UN
အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့အားARSA အကြမ်းဖက်အဖွဲ့တိုက်ခိုက် ARSA အကြမ်းဖက်အဖွဲ့အား ပါကစ္စတန်ထောက်လှမ်းရေးအဖွဲ့က ပမာဏများပြားသောငွေကြေး ထောက်ပံ့မှုများပြုလုပ်နေကာ အိန္ဒိယ-မြန်မာနယ်စပ်တွင်ခြေကုပ်ရရန်ကြိုးပမ်းနေဟုဆို
NG Thursday, 26 July 2018
၂ဝ၁၇ ခုနှစ်အတွင်းက ရခိုင် ပြည်နယ်မြောက်ပိုင်းတွင်အကြမ်း ဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သောARSA အကြမ်းဖက်အဖွဲ့သည် အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့အား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း အိန္ဒိယသတင်းဌာနတစ်ခုဖြစ်သည့် ဒီအန်အေက ဖော်ပြသည်။
အိန္ဒိယနယ်ခြားစောင့်တပ်ဖွဲ့ ဖြစ်သော အာသံရိုင်ဖယ်မှ တပ်ဖွဲ့ တစ်ဖွဲ့အား ပြီးခဲ့သည့်လအတွင်း၌ မီဇိုရမ်ပြည်နယ်အတွင်းရှိတောတောင် ထူထပ်သောနေရာတစ်ခုတွင်ARSA အကြမ်းဖက်အဖွဲ့က ချုံ ခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ အာသံ ရိုင်ဖယ်၏တပ်ဖွဲ့ဝင်များကစနစ်တ ကျခုခံကာ ပြန်လည်တိုက်ခိုက်ခဲ့ ခြင်းကြောင့် ARSA အကြမ်းဖက် အဖွဲ့ဝင်များသည် ပြန်လည်ဆုတ် ခွာသွားခဲ့ကြောင်းအာသံရိုင်ဖယ်က အတည်ပြုခဲ့သည်။ အာသံရိုင်ဖယ် နှင့်နီးစပ်သောသတင်းရင်းမြစ်များ က ဗျွှဗ အဖွဲ့သည် အဆိုပါ တိုက်ခိုက်မှုအားအင်အားပိုမိုကောင်း မွန်သည့်တိုက်ခိုက်မှုများ ပြုလုပ်ရန် အတွက် သွေးတိုးစမ်းသည့်အနေ ဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆထားကာ အိန္ဒိယနယ်ခြား စောင့်တပ်များအား တိုက်ခိုက်မှု များထပ်မံပြုလုပ်လာနိုင်သည်ဟုပါ သတ်မှတ်ထားကြောင်း၊ အိန္ဒိယနှင့် မြန်မာကြားရှိ ထိစပ်နေသောနယ် စပ်ဒေသများတွင် ARSA အကြမ်း ဖက်အဖွဲ့က ခြေကုပ်ရအောင်ကြိုး ပမ်းနေကာ အခြေစိုက်စခန်းတည် ဆောက်ဖွယ်ရှိနေသည်ဟု ယူဆ ဖွယ်ရာများလည်း ရှိနေကြောင်း အတည်ပြုခဲ့ကြသည်။
ထို့အပြင် ပါကစ္စတန်ထောက် လှမ်းရေးအဖွဲ့သည် ဗျွှဗ အကြမ်းဖက်အဖွဲ့အားပမာဏများ ပြားသော ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ကာ မြန်မာ့တပ်မတော်အား တန်ပြန်တိုက်ခိုက်နိုင်အောင်ဖန်တီး ပေးနိုင်သည်ဆိုသောသတင်းများ လည်း ထွက်ပေါ်လျက်ရှိသည်။ARSA အကြမ်းဖက်အဖွဲ့အား အစွန်းရောက်အစ္စလာမ္မစ်အကြမ်း ဖက်အဖွဲ့များကလေ့ကျင့်သင်ကြား ပေးနေခြင်းဖြစ်ကာအခြားအထောက် အပံ့များလည်း ပေးအပ်လျက်ရှိ သည်။ အာသံရိုင်ဖယ်မှတပ်ဖွဲ့ဝင် များအား တိုက်ခိုက်ခဲ့ခြင်းသည် ARSA အကြမ်းဖက်အဖွဲ့ကအိန္ဒိယ လက်နက်ကိုင်တပ်ဖွဲ့များအားပထမ ဆုံးအကြိမ်တိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယအစိုးရအနေဖြင့် မြန်မာနိုင်ငံနှင့်ထိစပ်လျက်ရှိသော နယ်စပ်ဒေသများတွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသောတပ်ဖွဲ့ ဝင်အားလုံးကို တပ်လှန့်ထားသည့် အပြင် အိန္ဒိယနိုင်ငံအရှေ့မြောက် ပိုင်းရှိပြည်နယ်များတွင် အကြမ်း ဖက်တိုက်ခိုက်မှုများ ဖြစ်မလာစေ ရန် ပြင်ဆင်မှုများလည်း ပြုလုပ် လျက်ရှိသည်။