images

BREAKING NEWS

ထူးကဲဒီရေနှင့်ပင်လယ်ရေလှိုင်းရိုက်ခတ်မှုများကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိစားသောက်ဆိုင်များ ပြိုလဲပျက်စီး           ထန်းတပင်မြို့နယ်၌ ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းကို ထပ်မံ၍ယာယီပိတ်ထား           ထူးကဲဒီရေပြန်လည်ကျဆင်းသွား၍ ရွှံ့နွံများတင်ကျန်နေသည့်ကျောင်းဝင်း၌ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်           ပင်လယ်ဒီရေမြင့်တက်လာ၍ လယ်သမားတာကျိုးပြတ် ရေဝင်ရောက်မှုကူညီပေးနိုင်ရေး ကြည့်ရှုဆောင်ရွက်           ပဲခူးမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် သန်လျင်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိနေအိမ်များအတွင်း ရေများဝင်ရောက်
UN
UN
ကုမ္ပဏီများပြန်လည်မှတ်ပုံတင်ရာတွင် ပြောင်းလဲမှုများဆောင်ရွက်လိုပါက ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လို
မေလွင် Friday, 27 July 2018
ပြန်လည်မှတ်ပုံတင်ရာတွင် ပြောင်းလဲမှုများ ဆောင်ရွက်လို သည့်ကုမ္ပဏီများသည် ၂ဝ၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် လိုအပ် ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၏ ထုတ် ပြန်ချက်အရ ယနေ့သိရသည်။
လိုက်နာဆောင်ရွက်ရမည့် အချက်များမှာ ပြန်လည်မှတ်ပုံတင် ရာတွင် အစုရှယ်ယာဝင်အသစ်များ ပါဝင်ခြင်း သို့မဟုတ် တစ်ဦး တည်း အစုရှယ်ယာပိုင်ကုမ္ပဏီ အဖြစ်သို့ ပြောင်းလဲခြင်းအတွက် အစုရှယ်ယာဝင်များ လက်မှတ်ရေး ထိုးထားသည့် အစုရှယ်ယာ ပြောင်းလဲခြင်းပုံစံနှင့် ကုမ္ပဏီ၏ အစုဝင်မှတ်ပုံတင်စာရင်း ရေးသွင်း ခြင်းကို ပြန်လည်မှတ်ပုံတင်ခြင်းမ ပြုမီနောက်ဆုံးအခြေအနေနှင့်ကိုက် ညီအောင် ဆောင်ရွက်ထားရန်၊ ပြန် လည်မှတ်ပုံတင်ရာတွင်ဒါရိုက်တာ အသစ်များ ပါဝင်ခြင်း သို့မဟုတ် ဒါရိုက်တာ တစ်ဦးတည်းရှိသည့် ကုမ္ပဏီအဖြစ်သို့ ပြောင်းလဲခြင်း အတွက် အစုရှယ်ယာဝင်များ၏ ဆုံးဖြတ်ချက်ဖြင့်ဒါရိုက်တာအသစ် ခန့်အပ်ကြောင်းနှင့် ဒါရိုက်တာ အသစ်များက မိမိတို့အားခန့်အပ် ခြင်းကိုသဘောတူကြောင်း စာဖြင့် ရေးသားထားသည့် မှတ်တမ်းရယူ ထားရှိ ဆောင်ရွက်ရန်ဖြစ်သည်။
ထို့ပြင် ပြန်လည်မှတ်ပုံတင်ရာ တွင် ကုမ္ပဏီ၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းအသစ် သို့မဟုတ် စံပြုဖွဲ့ စည်းပုံအခြေခံစည်းမျဉ်းဖြင့်ဆောင် ရွက်ခြင်းအတွက် အစုရှယ်ယာဝင် များ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း သစ်ကို ကျင့်သုံးကြောင်း အထူး ဆုံးဖြတ်ချက် ရယူရန်၊ ဒါရိုက်တာ အဖွဲ့ဆုံးဖြတ်ချက်နှင့် အစုရှယ်ယာ ဝင်များ ဆုံးဖြတ်ချက်များကို၂ဝ၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ နှင့်အညီ အတည်ပြု၍ ကုမ္ပဏီ တွင် မှတ်တမ်းတင်ထားရှိရန်လို အပ်သည်။
ထို့နောက် မြန်မာနိုင်ငံကုမ္ပဏီ များအက်ဥပဒေ ၁၉၁၄ နှင့်အညီ စာရင်းရှင်းလင်းဖျက်သိမ်းရန်ဆောင် ရွက်ဆဲကုမ္ပဏီများသည် အဆိုပါ ဥပဒေအတိုင်းသာ စာရင်းရှင်းလင်း ဖျက်သိမ်းခြင်းကိုဆက်လက်ဆောင် ရွက်ရန်ဖြစ်ပြီး ပြန်လည်မှတ်ပုံတင် ရန်မလိုအပ်ပါ။ ကုမ္ပဏီများအနေ ဖြင့် ပြန်လည်မှတ်ပုံတင်ရန် သတ် မှတ်ထားသည့် ကာလအတွင်း နှစ်ပတ်လည် အစီရင်ခံစာတင်ပြ ရန်မလိုအပ်ကြောင်း အသိပေး ကြေညာချက်တွင်ဖော်ပြထားသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံ တင်ထားပြီးဖြစ်သော ကုမ္ပဏီ အားလုံး(စာရင်းရှင်းလင်း ဖျက် သိမ်းပြီးသောကုမ္ပဏီများမှအပ) သည် ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နောက်ဆုံးထား၍ ပြန် လည် မှတ်ပုံတင်ရန် လိုအပ်သည်။ ပြန်လည်မှတ်ပုံတင်ခြင်းနှင့် ပတ် သက်သည့် ပုံစံများကို ရင်းနှီးမြှုပ် နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ website (www. dica.gov.mm) တွင် ရယူကြည့်ရှု နိုင်ပါကြောင်းနှင့် ပြန်လည်မှတ်ပုံ တင်ခြင်းကိုမြန်မာကုမ္ပဏီအွန်လိုင်း မှတ်ပုံတင်f(Myanmar Companies Online Registry-MyCO) www.myco.dica.gov.mm တွင် ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁ ရက် နံနက် ၉နာရီမှစတင်၍ ဆောင်ရွက် နိုင်ကြောင်း သိရသည်။