images

BREAKING NEWS

ထူးကဲဒီရေနှင့်ပင်လယ်ရေလှိုင်းရိုက်ခတ်မှုများကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိစားသောက်ဆိုင်များ ပြိုလဲပျက်စီး           ထန်းတပင်မြို့နယ်၌ ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းကို ထပ်မံ၍ယာယီပိတ်ထား           ထူးကဲဒီရေပြန်လည်ကျဆင်းသွား၍ ရွှံ့နွံများတင်ကျန်နေသည့်ကျောင်းဝင်း၌ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်           ပင်လယ်ဒီရေမြင့်တက်လာ၍ လယ်သမားတာကျိုးပြတ် ရေဝင်ရောက်မှုကူညီပေးနိုင်ရေး ကြည့်ရှုဆောင်ရွက်           ပဲခူးမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် သန်လျင်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိနေအိမ်များအတွင်း ရေများဝင်ရောက်
UN
UN
ဒီဂျစ်တယ်လစာပေးစနစ်အား Ongo နှင့် မြန်မာအရှေ့တိုင်းဘဏ်တို့ပူးပေါင်းဆောင်ရွက်မည်
အဖြူရောင် Friday, 27 July 2018
ဒီဂျစ်တယ်လစာပေးစနစ်အား Ongo နှင့် မြန်မာအရှေ့တိုင်းဘဏ် တို့ ပူးပေါင်းဆောင်ရွက်မည်ဖြစ် ကြောင်း ရန်ကုန်မြို့ ဆူးလေ ရှန် ဂရီလာဟိုတယ်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်း ပွဲမှသိရသည်။
ငွေသားအသုံးပြုမှု လျှော့ချ လိုသော ငွေကြေးဂေဟစနစ်သို့ ဆောင်ရွက်ရန်နှင့် ပြည်တွင်း၌Debite Card အသုံးပြုရာတွင် ဆန်းသစ်သောလုပ်ဆောင်ချက်များ ဖော်ဆောင်ရန်ရည်ရွယ်ချက်ဖြင့် ဒီဂျစ်တယ်လစာပေးစနစ်အားစတင် ခြင်းဖြစ်ကြောင်း သိရသည်။
ယခုစနစ်အရ Ongoနှင့်MOB တို့မှ ပေးအပ်မည့် ဝန်ဆောင်မှုမှာ Ongo desktop software ပါရှိ မည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေ ဖြင့် ၄င်းတို့ဝန်ထမ်းများ၏ လစာ အချက်အလက်များကို အသေးစိတ် ထည့်သွင်းကာထိန်းသိမ်းနိုင်ပြီး ဝန် ဆောင်မှုသည် အလုပ်ရှင်များ၏ Ongo mobile wallet ထံသို့ လစာငွေပေးချေမှုအားလုံးကို ဒီဂျစ် တယ်စနစ်ဖြင့်လွှဲပြောင်းပေးနိုင်မည် ဖြစ်ကြောင်းဝန်ထမ်းများကလည်း ၄င်းတို့လစာငွေများကို အားလုံးသို့ လိုအပ်သည့်ငွေပမာဏအား မြန်မာ နိုင်ငံရှိ Ongo Agent များတွင် ထုတ်ယူနိုင်မည်ဖြစ်သည်။
ထို့အပြင် လစာငွေ တချို့တစ် ဝက်အားOngo mobile wallet တွင် သိမ်းဆည်းနိုင်ပြီး မိသားစု များထံ ငွေလွှဲပို့နိုင်ခြင်း၊ ဖုန်းငွေ ဖြည့်နိုင်ခြင်း၊ ငွေပေးချေနိုင်ခြင်း၊ အွန်လိုင်းဈေးဝယ်ခြင်းများအား အသုံးပြုနိုင်ကြောင်းသိရသည်။
''ဝန်ထမ်းဦးရေကို သတ်မှတ် ထားတာမရှိပါဘူး။ ဝန်ဆောင်ခ အနေနဲ့ တစ်လကို ဒေါ်လာတစ်ရာ သတ်မှတ်ထားတယ်။ ဒီ ဒီဂျစ် တယ် လစာငွေပေးချေစနစ်ဟာ လုပ်ငန်းရှင်တွေအတွက် အဆင်ပြေ စေနိုင်ပြီးလစာရတဲ့သူတွေအတွက် လည်း သူတို့ရဲ့ ငွေကြေးတွေကို Ongo mobile wallet နဲ့ Ongo/MOB debit card ကိုသုံးပြီး သေ ချာ ထိန်းနိုင်မှာဖြစ်ပါတယ်''ဟု Ongo ၏ CEO-Allen Gilstrap က ပြောသည်။ ဥညါသ။Ongo/MOB Payroll Program တွင်လုပ်ငန်း ရှင်များမှစာရင်းပေးသွင်းထားသော ဝန်ထမ်းများသည်၎င်းတို့၏ Ongo Mobile wallet နှင့် ချိတ်ဆက် ထားသည့် Ongo/MOB debit card ကိုရရှိမည်ဖြစ်ပြီးdebit cardကို မြန်မာနိုင်ငံအနှံ့ရှိ ATMသို့MPU point-of-sale နေရာများ တွင် အသုံးပြုနိုင်မည်ဖြစ်သည်။