images

BREAKING NEWS

ထူးကဲဒီရေနှင့်ပင်လယ်ရေလှိုင်းရိုက်ခတ်မှုများကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိစားသောက်ဆိုင်များ ပြိုလဲပျက်စီး           ထန်းတပင်မြို့နယ်၌ ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းကို ထပ်မံ၍ယာယီပိတ်ထား           ထူးကဲဒီရေပြန်လည်ကျဆင်းသွား၍ ရွှံ့နွံများတင်ကျန်နေသည့်ကျောင်းဝင်း၌ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်           ပင်လယ်ဒီရေမြင့်တက်လာ၍ လယ်သမားတာကျိုးပြတ် ရေဝင်ရောက်မှုကူညီပေးနိုင်ရေး ကြည့်ရှုဆောင်ရွက်           ပဲခူးမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် သန်လျင်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိနေအိမ်များအတွင်း ရေများဝင်ရောက်
UN
UN
နေပြည်တော်၌ MSME မှ စီးပွားရေးလုပ်ငန်းရှင်များအတွက် အသိပညာပေးဟောပြောပွဲပြုလုပ်
ကိုကိုလွင် Monday, 30 July 2018
အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင် များအသင်း (MSME) မှ ကြီးမှူး ပြုလုပ်သည့် စီးပွားရေးလုပ်ငန်း ရှင်များအတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက နေပြည်တော်ရှိ သင်္ဂဟ ဟိုတယ်၌ပြုလုပ်သည်။
အခမ်းအနား၌ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းရှင်များအသင်း (MSME)ဥက္ကဋ္ဌ ဦးနေလင်းထက်က(MS-ME) လုပ်ငန်း နိုင်ငံတကာ၌ အရေးပါသည့်လုပ်ငန်းဖြစ်သည့် အတွက် စနစ်တကျပေါ်ပေါက် လာရန်လိုအပ်ပြီး အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းရှင်များအနေဖြင့် အငယ်စားမှ အသေးစား၊ အသေး စားမှ အလတ်စား၊ အလတ်စားမှ နိုင်ငံတော်အတွက် အကြီးစားလုပ် ငန်းရှင်များအဆင့်အထိ ပေါ်ပေါက် ရန်လိုအပ်သဖြင့် အသင်းကြီးအနေ ဖြင့် လုပ်ငန်းရှင်များအချင်းချင်း နည်းပညာပူးပေါင်းဆောင်ရွက်နိုင် ရန်နှင့် ယင်းသို့ဆောင်ရွက်နိုင်ရန် အသင်းကြီးမှ ပညာရှင်များဖိတ် ခေါ်၍ နည်းပညာများလက်တွေ့ ပို့ချနိုင်ရန် ဆောင်ရွက်နေကြောင်း အသင်း၏ ရည်ရွယ်ချက်များနှင့် အသင်းသားများ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် ကူညီလုပ် ဆောင်ပေးမည့်အကြောင်းအရာ များ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ (President & Founder, Device Consulting Group)မှ ဆရာဦးတင်ဇံကျော်က အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင် များအတွက် လုပ်ငန်း၏ ဝင်ငွေ ထွက်ငွေမည်သို့ အချိုးအစားမျှတ စွာ အကောင်အထည်ဖော်မည် နည်းခေါင်းစဉ်ဖြင့်လည်းကောင်း၊ အသေးစား၊ အလတ်စားစီးပွားရေး လုပ်ငန်းရှင်များနှင့် နည်းပညာ အရွေ့ပြောင်းခေါင်းစဉ်ဖြင့် Fou-nder & CEO , MIT Pte Ltd မှ ဒေါက်တာ ထွန်းသူရထက်တို့က တက်ရောက်လာသည့်လုပ်ငန်းရှင် များအား ဟောပြောပို့ချခဲ့ကြပြီး ဟောပြောပို့ချခဲ့သူများအား ဂုဏ် ပြုလက်ဆောင်များပေးအပ်ခြင်း ဆက်လက်၍ အခမ်းအနားဖြစ် မြောက်ရေးအတွက်ပံ့ပိုးကူညီခဲ့ ကြသူများအား ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်ခဲ့ကြပြီး အခမ်း အနားကို မွန်းတည့် ၁၂နာရီတွင် ပြီးဆုံးခဲ့သည်။
အခမ်းအနားသို့ နေပြည်တော် ကောင်စီမှတာဝန်ရှိသူများ၊ နေပြည် တော်စည်ပင်သာယာရေးကော်မတီ မှတာဝန်ရှိသူများ၊ အသင်းနာယက နှင့် အသင်းအကြံပေးပုဂ္ဂိုလ်များ၊ မြို့မိမြို့ဖများနှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေ ရှစ်မြို့နယ် တို့မှအငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင် များအသင်းမှ အသင်းသူ အသင်း သားများ တက်ရောက်ခဲ့ကြသည်။