images

BREAKING NEWS

ထူးကဲဒီရေနှင့်ပင်လယ်ရေလှိုင်းရိုက်ခတ်မှုများကြောင့် ဆယ်အိမ်တန်းကမ်းခြေရှိစားသောက်ဆိုင်များ ပြိုလဲပျက်စီး           ထန်းတပင်မြို့နယ်၌ ထူးကဲဒီရေမြင့်တက်မှုကြောင့် အခြေခံပညာကျောင်းလေးကျောင်းကို ထပ်မံ၍ယာယီပိတ်ထား           ထူးကဲဒီရေပြန်လည်ကျဆင်းသွား၍ ရွှံ့နွံများတင်ကျန်နေသည့်ကျောင်းဝင်း၌ ဧရာဝတီရေတပ်စခန်းဌာနချုပ်မှ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်           ပင်လယ်ဒီရေမြင့်တက်လာ၍ လယ်သမားတာကျိုးပြတ် ရေဝင်ရောက်မှုကူညီပေးနိုင်ရေး ကြည့်ရှုဆောင်ရွက်           ပဲခူးမြစ် ထူးကဲဒီရေမြင့်တက်မှုကြောင့် သန်လျင်မြို့နယ်အတွင်း မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများရှိနေအိမ်များအတွင်း ရေများဝင်ရောက်
UN
UN
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံ
Monday, 30 July 2018
တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Ichiro MARUYAMA အားယနေ့နံနက် ပိုင်းတွင်နေပြည်တော်ရှိဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
အဆိုပါတွေ့ဆုံပွဲသို့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူကာ ကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်နှင့်

တပ်မတော်အရာရှိကြီးများ တက် ရောက်ကြပြီးမြန်မာနိုင်ငံဆိုင်ရာဂျပန် နိုင်ငံသံအမတ်ကြီးနှင့်အတူ သံရုံးမှ တာဝန်ရှိသူများတက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံ နှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှုတိုးမြှင့် ရေးဆိုင်ရာကိစ္စရပ်များ၊မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန် နိုင်ငံမှ ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသ အတွင်းဖြစ်ပွားလျက်ရှိသည့်ပြဿနာ များအား အစိုးရနှင့် တပ်မတော်မှ ဖြေရှင်း ဆောင်ရွက်နေမှုများတွင် ဂျပန်နိုင်ငံမှပါဝင်ကူညီဆောင်ရွက် ပေးနေမှုအခြေအနေများနှင့် ဖြစ်စဉ် ဖြစ်ရပ်အခြေအနေမှန်များအားနိုင်ငံ တကာမှသိရှိအောင်ဆောင်ရွက်ပေး နိုင်ရန်လိုအပ်မှုအခြေအနေများအား ရင်းနှီးပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် မြန်မာ နိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ် ကြီးတို့သည် အမှတ်တရဓာတ်ပုံ ရိုက်ခဲ့ကြသည်။