images
UN
UN
မလှိုင်- နွားထိုးကြီးလမ်း ပြင်ဆင်ပေးရန်လို
ဒေသခံများ Wednesday, 01 August 2018
နွားထိုးကြီး-မလှိုင် ဆက် သွယ်သည့် ရာသီမရွေးသွား နိုင်သော မိုင် ၂ဝ ကျော်လမ်းမှာ လမ်းဖောက်ပြီးမှ စည်ပင်သာယာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးနှင့် ဆောက်လုပ်ရေး၊ကျေး လက်ဖွံ့ဖြိုးရေးတို့သာ ပြောင်းခဲ့ သည်။ ယခုတိုင် ပြင်ဆင်ထိန်း သိမ်းခြင်းမရှိ၍ လမ်းပျက်စီးမှု များဖြစ်နေခြင်းကြောင့် ပြင်ဆင် ပေးရန် မလှိုင်နှင့် နွားထိုးကြီး ဒေသခံတို့က လိုလားနေသည်။
မိုင် ၂ဝ ကျော်ရှည် မလှိုင်- နွားထိုးကြီးလမ်းတွင် နွားထိုးကြီး မြို့နယ်တွင်း ၁၂ မိုင်၌ လေး မိုင်မှာ လမ်းပေါက်လမ်းပဲ့လမ်း ချိုင့်များကြောင့် နွားထိုးကြီးမြို့ဝင် မှ အောင်ပန်းကုန်းရွာအထိ ပျက် စီးနေသည်။
နွားထိုးကြီးနယ်၏ ကျက်သရေ ဆောင်ကျောက်စိမ်းစေတီရှိနေ၍ လည်း ပြင်ပမြို့နယ်များက သွား လာမှုများပြားပြီး မလှိုင်မှမန္တလေး သို့ နွားထိုးကြီးကို ဖြတ်သွား သော လမ်းကြောင့် မလှိုင်နယ်၏ အားကိုးရာလမ်းဖြစ်နေသည်။
နွားထိုးကြီးဆောက်လုပ်ရေး မှ ကျေးလက်ဒေသဖွံ့ဖြိုးရေးဌာန ကမူ ယင်းလမ်းပြင်ရန် ခွင့်ပြုငွေ တောင်းခံထားကြောင်းသိရသည်။