images
UN
UN
မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂ဝ၁၇ နှင့် အီလက်ထရွန်နစ်မှတ်ပုံတင်စနစ် ထုတ်လွှင့်ကြောင်း ကြေညာခြင်းအခမ်းအနားကျင်းပ
မေလွင် Wednesday, 01 August 2018
ပုဂ္ဂလိကကဏ္ဍ စီးပွားရေး ဆိုင်ရာအဖွဲ့အစည်းများ၊ ကုမ္ပဏီ များအတွက် အခြေခံကျသည့် ဥပဒေမူဘောင်တစ်ခုဖြစ်သောမြန်မာ နိုင်ငံကုမ္ပဏီများဥပဒေ ၂ဝ၁၇ သည် ၂ဝ၁၈ ခုနှစ် သြဂုတ် ၁ရက် တွင် စတင်အာဏာတည်မည်ဖြစ် သဖြင့် ယင်းဥပဒေအာဏာ စတင် တည်မည့် အထိမ်းအမှတ်ကြေညာ ခြင်းအခမ်းအနားကို ရန်ကုန်မြို့Melia Hotel ၌ ဇူလိုင် ၃၁ ရက် က ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ စီမံ ကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ရင်းနှီးမြှုပ်နှံမှု နှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင် နိုင်ဦးနှင့် တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများ၊ပုဂ္ဂလိက ကဏ္ဍ ပြည်တွင်း၊ ပြည်ပစီးပွား ရေးလုပ်ငန်းရှင်များ၊ ဥပဒေအကျိုး ဆောင်များနှင့် မီဒီယာများ စုစု ပေါင်းအင်အား ၂ဝဝ ခန့် တက် ရောက်ခဲ့သည်။
၂ဝ၁၈ ခုနှစ် သြဂုတ် ၁ ရက် သည် မြန်မာနိုင်ငံ၏ စီးပွားရေး ဝန်းကျင်တစ်ခုလုံး ထူးခြားစွာ ပြောင်းလဲမှု စတင်မည့် နေ့ရက် တစ်ရက်ဖြစ်ကြောင်းနှင့် မြန်မာ နိုင်ငံကုမ္ပဏီများဥပဒေ၂ဝ၁၇စတင် ကျင့်သုံးမှုကြောင့်စီးပွားရေးဝန်းကျင် တစ်ခုလုံး အလားအလာကောင်း များ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း ယင်းအခမ်းအနားမှ သိရသည်။