images
UN
UN
ဓာတ်အားလိုင်းကြိုးအသစ်များဖြင့်လဲလှယ်ခြင်းလုပ်ငန်းများဆောင်ရွက်နေစဉ်ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၂ဝ ကျော် မီးပြတ်တောက်မည်
မေနဒီမြနွယ် Wednesday, 01 August 2018
ရန်ကုန်တိုင်းဒေသကြီးအတွင်း ရှိ ခရိုင်နှင့် မြို့နယ်များတွင် ဟောင်းနွမ်း၍ဝန်အားမနိုင်ဖြစ်ပေါ် နေသော ၁၁ ကေဗွီ ဓာတ်အား လိုင်းကြိုးများအားလျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများကိုသြဂုတ် ၂ရက် နံနက် ၉ နာရီခန့်မှ မွန်းတည့် ၁၂ နာရီအထိ ဆောင်ရွက်သွားမည် ဖြစ်ရာ အဆိုပါလုပ်ငန်းများဆောင် ရွက်နေစဉ်အချိန်အတွင်း ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၂ဝ ကျော်ခန့် မီးပြတ်တောက်မှုများ ဖြစ်ပေါ်နေမည်ဖြစ်ကြောင်းရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပို ရေးရှင်းမှ ဇူလိုင် ၃ဝရက်ကအသိ ပေးကြေညာထားကြောင်းသိရသည်။
ထို့အပြင် ၆၆ကေဗွီ၊ ၃၃ ကေဗွီ ဓာတ်အားခွဲရုံများ၊Distribution Transformer များကို ထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများ၊ ရေရှည် ဓာတ်အား တည်ငြိမ်ပြည့်ဝစွာပေး နိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သော ၁၁ ကေဗွီ ဓာတ်အားလိုင်းကြိုးများအား လျှပ် ကာပါသော ဓာတ်အားလိုင်းကြိုး အသစ်များဖြင့် လဲလှယ်ခြင်းလုပ် ငန်းများကိုကျောက်တံတား၊ပန်းဘဲ တန်း၊ အလုံ၊ စမ်းချောင်း၊ လှိုင်၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ မရမ်း ကုန်း၊လမ်းမတော်၊ အင်းစိန်၊မင်္ဂလာ ဒုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ထောက်ကြန့်၊ တိုက်ကြီးမြို့နယ် များတွင် ဆောင်ရွက်မည်ဖြစ်ရ သည်။ထိုကဲ့သို့လုပ်ငန်းများဆောင် ရွက်နေစဉ်အတွင်း အဆိုပါမြို့နယ် များတွင် အချိန်ပိုင်းဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်မည် ဖြစ်သည်။
ထို့အတူ ရန်ကုန်အရှေ့ပိုင်း ခရိုင်အတွင်းရှိ 33kV, 11kV, 6.6kV Bare Conductor ဓာတ် အားလိုင်းကြိုးများအား အကာပါ သောSAC Cableကြိုးများဖြင့် လဲလှယ်ခြင်းလုပ်ငန်းနှင့်ဓာတ်အား လိုင်းများတွင် ငှက်မနား Bird Spike တပ်ဆင်ခြင်းလုပ်ငန်းများ အား တောင်ဥက္ကလာ၊ ဒဂုံတောင်၊ ဒဂုံမြောက်၊ တာမွေ၊ ရန်ကင်း၊ သာကေတ၊ ဒဂုံဆိပ်ကမ်း၊ ဒေါပုံ၊ ပုဇွန်တောင်၊ဗိုလ်တထောင်၊မင်္ဂလာ တောင်ညွန့်မြို့နယ်များတွင်လည်း အဆိုပါ သြဂုတ် ၂ ရက် နံနက် ပိုင်းတွင်ပင် တစ်ပြိုင်နက်တည်း လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း မီးပြတ်တောက်မှုများ ဖြစ်ပေါ်နေ မည်ဖြစ်သည်။
ထိုကဲ့သို့ လုပ်ငန်းဆောင်ရွက် ရခြင်းသည်ဓာတ်အားပြတ်တောက် မှု လျော့နည်းစေရန်အတွက် ကြို တင်ပြင်ဆင်ဆောင်ရွက်ရခြင်းဖြစ် သည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းမှ ကြေညာ ထားကြောင်း သိရသည်။