images
UN
UN
ဘားအံ-သထုံ-ဘားအံသို့ ခရီးဆက်မည့်သူများ မော်လမြိုင်ဘက်မှပတ်၍ အိန္ဒု-ဇာသပြင် လမ်းအတိုင်းသွားမှသာ အဆင်ပြေမည်
ခိုင်မာ Wednesday, 01 August 2018
ဘားအံ-သထုံ-ဘားအံသို့ ခရီးဆက်မည့်သူများ မော်လမြိုင် ဘက်မှပတ်၍အိန္ဒု-ဇာသပြင်လမ်း အတိုင်းသွားမှသာ အဆင်ပြေမည် ဖြစ်ကြောင်း ကရင်ပြည်နယ် လမ်း ဦးစီးဌာနမှ ဇူလိုင် ၃၁ ရက်က အသိပေးနှိုးဆော်ထားသည်။
သံလွင်(ဘားအံ) တံတားချဉ်း ကပ်လမ်း နှစ်ဖက်စလုံးတွင် ရေ အနက် လေးပေခန့်မြင့်တက်နေ၍ ယာဉ်များ သွားလာ၍မရသဖြင့် ယာဉ်များဖြတ်သန်းခြင်းခေတ္တပိတ် ထားသည်။
ကရင်ပြည်နယ် ဘားအံမြို့ နယ် အိန္ဒု-ဇာသပြင်လမ်းတံတား အမှတ်၁/၈ ကော့စိန်ဘန်အောက် ကျေးရွာအုပ်စု သပြေကုန်းကျေးရွာ နှင့် ဘုရားကုန်းရွာကြားရှိ တံတား အမှတ် ၁/၈ တွင် ဇူလိုင် ၃၁ရက် နံနက်ပိုင်းက ရေလေးလက်မခန့် ရေကျော်လျက်ရှိသဖြင့် ရဲတပ်ဖွဲ့ဝင် များနှင့် နယ်မြေခံတပ်မှ တပ်မ တော်သားများက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ဇူလိုင် ၃၁ ရက် ညနေအထိ ခန့်မှန်းချက်မှာ စစ်ကိုင်းတိုင်းဒေသ ကြီးအောက်ပိုင်း၊ မန္တလေးတိုင်း ဒေသကြီးနှင့်မကွေးတိုင်းဒေသကြီး တို့တွင် နေရာကျဲကျဲ၊ ရှမ်းပြည် နယ်(တောင်ပိုင်း)တွင် နေရာစိပ်စိပ် နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည် နယ်တို့တွင် နေရာအနှံ့အပြား မိုး ထစ်ချုန်းရွာပြီး တနင်္သာရီတိုင်း ဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းနှင့် ကချင် ပြည်နယ်တို့တွင် နေရာကွက်၍ မိုး ကြီးနိုင်ကြောင်း၊ ရွာရန်ရာနှုန်းပြည့် ဖြစ်ကြောင်း သိရသည်။