images
UN
UN
သြဂုတ် ၂၃ ရက်တွင် ရှယ်ယာပိုင်ဆိုင်မှုရှိသရွေ့FMI မှ ပေးသောအမြတ်ဝေစုရနိုင်မည်
ခိုင်မာ Thursday, 02 August 2018
FMI ရှယ်ယာများကို ၂ဝ၁၈ ခုနှစ် သြဂုတ် ၂ဝ ရက်ထက် နောက်မကျဘဲ ဝယ်ယူထားရှိခြင်း ဖြင့် သြဂုတ် ၂၃ ရက်တွင် ရှယ် ယာပိုင်ဆိုင်မှု ရှိနေသရွေ့FMI မှ ပေးသော အမြတ်ဝေစု ရရှိနိုင်မည် ဖြစ်ကြောင်း First Myanmar Investment ကုမ္ပဏီလီမိတက်မှ သိရသည်။
FMI ၏ အစဉ်အလာအတိုင်း ရှယ်ယာတစ်စုအတွက် ငွေသား အမြတ်ဝေစု ကျပ် ၁ဝဝ အပြင် အပိုဆုအနေဖြင့် ရှယ်ယာ အစု ၂ဝ ပိုင်ဆိုင်မှုရှိတိုင်းရှယ်ယာတစ်စောင် ကိုထုတ်ပေးမည်ဖြစ်ကြောင်း သိရ သည်။
ရှယ်ယာ အစောင်ရေတိုင်း အတွက် ငါးရက်မျှ ကာလတိုရင်း နှီးမြှုပ်နှံခြင်းဖြင့် အမြတ်ဝေစုနှင့် အပိုဆုဖြစ်သော Income Gain ရရှိမည်ဖြစ်ပြီး မိမိဝယ်ယူထား သော ရှယ်ယာများကို ယခုလ ၂၃ ရက်နောက်ပိုင်း ပြန်လည်ရောင်းချ ခြင်းဖြင့် ရရှိမည့်အကျိုးအမြတ် ဖြစ်သော Capital Gain လည်း ရရှိနိုင်မည်ဖြစ်သည်။
ထို့ကြောင့် ယခုလ ၂ဝ ရက် ထက် နောက်မကျစေဘဲ FMI ရှယ်ယာဝယ်ယူထားမှသာလျှင် ယခုနှစ်အတွက်ပေးမည့် အမြတ် ဝေစုနှင့် ရှယ်ယာအပိုဆုကို ယခု လ ၂၉ ရက်တွင် ရရှိနိုင်မည်ဖြစ် ကြောင်းလည်း ထပ်လောင်းအသိ ပေးထားသည်။