images
UN
UN
မိတ္ထီလာမြို့ပြည်သူ့ဆေးရုံရှိ သံဃာတော်များနှင့် လူမမာများအား မြတ်နိုးပီတိလူမှုကူညီရေးအသင်းကြီးက အာဟာရများနေ့စဉ်လှူဒါန်း
Thursday, 02 August 2018
မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံ ကြီးတွင် တက်ရောက်ကုသမှုခံယူ နေသော သံဃာတော်များနှင့် လူမမာများအား မြတ်နိုးပီတိလူမှု ရေးအသင်းကြီးမှ ကြီးမှူး၍ အာဟာရဒါနများ နေ့စဉ်လှူဒါန်း ပေးလျက်ရှိကြောင်း မြတ်နိုးပီတိ လူမှုကူညီရေးအသင်းကြီးမှ သိရ သည်။
မြို့ပြနှင့် ဝေလံသည့်ဒေသ များမှ မိတ္ထီလာပြည်သူ့ဆေးရုံ ကြီးသို့ ရောဂါဝေဒနာများကို လာ ရောက် ကုသမှုခံယူလျက်ရှိသည့် သံဃာတော်များနှင့် လူမမာများ၏ အာဟာရများအတွက်တစ်ဖက်တစ် လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ နေ့စဉ်နံနက် ၆ နာရီ တွင် ဆန်ပြုတ်၊ကြက်ဥနှင့် ဆက် စပ်မုန့်နှစ်မျိုးတို့ကို လှူဒါန်းပြီး ရေသန့်နှင့် ရေနွမ်းကြမ်းကို ၂၄ နာရီ သုံးစွဲနိုင်စေရန် လှူဒါန်းပေး လျက်ရှိကြောင်း၊ ယခုလို သံဃာ တော်များနှင့် လူမမာများကို အာဟာရများ လှူဒါန်းခဲ့သည်မှာ ၂ဝ၁ဝပြည့်နှစ်မှစတင်၍ ယနေ့ အချိန်အထိ (၂၃၃၄)ကြိမ်မြောက်ခဲ့ ပြီဖြစ်ကြောင်း၊ ၄င်းအပြင် လူမမာ များအား စောင့်ရှောက်ပေးသည့် လူနာရှင်များကိုလည်း အဆင်ပြေ စွာ စားသောက်နိုင်စေရန် ဈေးနှုန်း ချိုသာစွာဖြင့် ငွေတန်ဖိုးသင့် ညစာ ကို ရောင်းချပေးလျက်ရှိကြောင်း'' မြတ်နိုးပီတိလူမှုကူညီရေးအသင်း ကြီးမှ ဆရာတော်ဦးပညိန္ဒြိယက ပြောကြားခဲ့သည်။