images
UN
UN
လွှတ်တော်ကိုယ်စားလှယ်များ အဂတိလိုက်စားမှုထဲပါဝင်ပါက မော်စကိုပို့ပစ်မည်ဟုသမ္မတပြောကြား
ကျော်ကျော်(မလှိုင်) Thursday, 02 August 2018
လွှတ်တော်တော်ကိုယ်စားလှယ် တွေအနေနဲ့ အဂတိလိုက်စားမှုများ တွင် မပါဝင်ကြရန်နှင့် အဂတိ လိုက်စားမှုထဲပါဝင်ပါက မော်စကို ပို့ပစ်မည်ဖြစ်ကြောင်း ဇူလိုင် ၂၈ ရက်က ပဲခူးမြို့ မြို့တော်ခန်းမ၌ ပြုလုပ်သော နိုင်ငံတော်သမ္မတနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ တွေ့ဆုံ ပွဲတွင် သမ္မတဦးဝင်းမြင့်က လွှတ် တော်ကိုယ်စားလှယ်များကို သတိ ပေးပြောကြားခဲ့သည်။''ကိုယ်စား လှယ်တွေ အဂတိထဲ မပါဝင်ဖို့လို တယ်။ ပါရင်လည်း သိတဲ့အတိုင်း မော်စကိုရောက်မှာပဲ။ ကိုယ်က လုပ်ခဲ့ရင် ရပ်စရာရှိတာ ရပ်တမ်း ကရပ်ကြပါ''ဟုနိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကပြောသည်။ တချို့ ကိုယ်စားလှယ်များက ဘဏ်အချို့ ၌ အလှူခံနေကြောင်းကို အပြင် မှာကြားသိနေရပြီး စာများထွက်ရှိ နေကြောင်းနှင့် အဆိုပါကိစ္စရပ်များ ကို ရပ်တန်းကမရပ်ပါက အရေး ယူသွားမည်ဖြစ်ကြောင်းလည်း သမ္မတပြောကြားချက်အရ သိရ သည်။
''ကျွန်တော်တို့ကတော့ဥပဒေ နဲ့အညီပဲ ကျွန်တော်တို့စတက်က တည်းက တရားဥပဒေစိုးမိုးရေးက နံပါတ်တစ်ပဲထားတာ။ တရား ဥပဒေစိုးမိုးရေးအတိုင်းပဲ ဘယ်သူ့ မျက်နှာမှမထောက်ဘူး''ဟုသမ္မတ က ထပ်ဆင့်ပြောကြားသည်။ နိုင်ငံ တော်သမ္မတရုံးမှသတိပေးမှာကြား ထားသော်လည်း အဂတိလိုက်စား မှုပြုလုပ်ကြမည်ဆိုပါက တရား ဥပဒေစိုးမိုးရေးနှင့်ဆိုင်လျှင် သက် ဆိုင်ရာသို့ပို့မည်ဖြစ်ကြောင်းနှင့် အဂတိနှင့်ဆိုင်ပါက အဂတိသို့ပို့ သွားမည်ဖြစ်ကြောင်း သိရသည်။ ဆက်လက်ပြီးမိမိ၏ကိုယ်စားလှယ် လုပ်ပိုင်ခွင့်အတိုင်းလုပ်ကြရန်နှင့် ကိုယ်စားလှယ် လုပ်ပိုင်ခွင့်အရ လွှတ်တော်ဆိုင်ရာဥပဒေ၊နည်းဥပဒေ များအတိုင်းကျင့်သုံးပါက မည်သို့မှ ခက်ခဲမည်မဟုတ်ကြောင်း၊ အုပ် ချုပ်ရေးတွင်လည်း ပြည်ထောင်စု ဥပဒေ၊ နည်းဥပဒေ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးဥပဒေ၊ နည်းဥပဒေ များရှိသဖြင့် ဥပဒေအတိုင်းလုပ် ကြရန် မှာကြားခဲ့သည်။