images
UN
UN
မင်းသာကျေးရွာ နန့်တီဆင်းတံတား ကမ်းကပ်ခုံနှင့်ချဉ်းကပ်လမ်းရေတိုက်စားခံရ
ထွန်းမင်းအောင်(ကဘော်မြေ) Thursday, 02 August 2018
စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် မြို့သစ် မြို့ မင်းသာကျေးရွာအထွက်၌ တည်ရှိသော နန့်တီဆင်းတံတားသည် ယနေ့နံနက်ပိုင်းက မိုး သည်းထန်စွာရွာသွန်းမှုကြောင့် ကမ်းကပ်ခုံ၊ ရေကာ နံရံနှင့် ချဉ်းကပ်လမ်းခုနစ်ပေခန့် ရေတိုက်စားခံခဲ့ရ ကြောင်း သိရသည်။
တမူးခရိုင် မြို့သစ်မြို့တွင် ယနေ့ နံနက်ပိုင်းက မိုးသည်းထန် စွာရွာသွန်းမှုကြောင့် တမူး-စေတီ လမ်း မိုင်တိုင်အမှတ်(၁၈/ဝ)နှင့် (၁၈/၁) အကြား အရှည်ပေ ၁၆ဝ၊ အကျယ် ၁၂ ပေခွဲရှိ သံကူကွန် ကရစ်အုတ်မြစ်ချဘေလီသစ်သား တံတားအမျိုးအစားနန့်တီဆင်း တံတားသည် စေတီဘက်ခြမ်း မြောက်ဘက်ကမ်းကပ်ခုံရေကာ နံရံနှင့် ချဉ်းကပ်လမ်းခုနစ်ပေခန့် ရေတိုက်စားခံရပြီး ဒေသခံပြည်သူ များလမ်းပန်းဆက်သွယ်ရေးပြတ် တောက်မှုမရှိစေရေးအတွက်မြို့သစ် မြို့လမ်းဦးစီးဌာနမှတာဝန်ရှိသူများ က မျောတိုင်ရိုက်ခြင်း၊ တိုင်ကာပြီး မြေဖို့ခင်းလုပ်ငန်းများကို ဆောင် ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါတံတားသည် တမူးမြို့ မြို့သစ်မြို့နှင့် ဟုမ္မလင်းမြို့နယ် များသို့ ဆက်သွယ်သွားလာရာ တွင် ပြည်သူများအားထားရသည့် တမူး-စေတီလမ်းပေါ်ရှိ အရေးပါ သောတံတားတစ်စင်းဖြစ်သည်။